လုလုအောင်လို့ဆိုလိုက်တာနဲ့ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေနဲ့ ပုရိသတွေကြားမှာ ရေပန်းစားနေသူလေးဆိုတာ အားလုံးကသိပြီးသားဖြစ်မယ် ထင်ပါတယ်နော်။ ကချင်တိုင်းရင်းသူလေးတစ်ဦးဖြစ်တဲ့ လုလုအောင်က အသားအရေက ဝင်းဝါစိုပြေလှပသလို ခန္ဓာကိုယ်အချိုးအစားကလည်း ပြေပြစ်သွယ်လျလွန်းတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း လုလုအောင်က ကလေးတစ်ယောက်အမေဖြစ်တာတောင် ဆယ်ကျော်သက်တစ်ယောက်လို နုပျိုလန်းဆန်းနေတာ ဖြစ်ပါတယ် ။

Photo Credit-LuLu Aung's FB Page
Photo Credit-LuLu Aung's FB Page
Photo Credit-LuLu Aung's FB Page

လုလုအောင်က အမိုက်စားပုံရိပ်လေးတွေကို ရိုက်ကူးလေ့ရှိပြီး ပရိသတ်တွေကိုဖမ်းစားနိုင်မယ့် ခပ်မိုက်မိုက် Caption လေးတွေနဲ့အတူ ပုံလေးတွေတင်လေ့ရှိတာ ဖြစ်ပါတယ် ။ အမြဲတမ်း လူငယ်ဆန်ဆန်ဖက်ရှင်လေးတွေနဲ့ ခေတ်မှီလှပနေတဲ့ လုလုအောင်ကတော့ ပုရိသတွေကြွေမယ်ဆိုရင်လည်း ကြွေနိုင်လောက်တာ ဖြစ်ပါတယ် ။ အခုလည်း လုလုအောင်က ရင်ဖိုချင်စရာကောင်းတဲ့ သူမရဲ့အလှပုံရိပ်တွေကို မျှဝေပေးလိုက်တာ ဖြစ်ပါတယ် ။

Photo Credit-LuLu Aung's FB Page
Photo Credit-LuLu Aung's FB Page
Photo Credit-LuLu Aung's FB Page

ဖြူဖွေးဝင်းဥတဲ့အလှတရားတွေ ပေါ်လွင်ပြီး အမိုက်စားဖြစ်နေတဲ့ ခေးကြီးလုကတော့ တစ်နေ့တခြားပိုလှနေတာပဲ ဖြစ်ပါတယ် ။ လုလုအောင်က "အားနည်းချက် များတဲ့ ကျွန်မကို လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ တစ်ခေါက်လောက် ကိုယ့် ယောက်ျား မိန်းမကို ပြောကြည့်ရင်...."ဆိုပြီး ပုံလေးကို တင်ထားတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ခေးကြီးလုလုအောင်ရဲ့အမိုက်စားပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-LuLu Aung's FB Page

Photo Credit-LuLu Aung's FB Page
Photo Credit-LuLu Aung's FB Page
Photo Credit-LuLu Aung's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။