မင်းသမီးချောလေး ဝတ်မှုံရွှေရည် ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကိုရရှိထားကာ ထိပ်တန်းမင်းသမီးတွေထဲမှာ ရပ်တည်နေတဲ့ သူလေးပဲဖြစ်ပါတယ်။ ဝတ်မှုံရွှေရည် ရဲ့ သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လိုဇာတ်ကောင်မျိုးပဲဖြစ်ဖြစ် ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တာကိုလည်းတွေ့ရပါတယ်။ ဒါ့အပြင် ချစ်ပရိသတ်တွေကလည်း အချစ်တော်လေး ဝတ်မှုံရွှေရည် ကို ချစ်စနိုးလေးနဲ့ ရွှေကစ် လို့လည်းခေါ်တက်ကြပါသေးတယ်။

Photo Credit - Oakkarr
Photo Credit - Oakkarr

ဝတ်မှုံရွှေရည် လေးဟာဆိုရင် သွယ်လျကျစ်လျစ်တဲ့ သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးအပြင် ဖြူဖွေးနုဖက်နေတဲ့ အသားရည်လေးတွေကြောင့် ဘယ်လိုဖက်ရှင်မျိုးကိုမဆိုဆွဲဆောင်မှုရှိရှိ လိုက်ဖက်တာကိုလည်းတွေ့ရပါတယ်။ လတ်တလော ကပ်ရောဂါ အခြေအနေ ကြောင့် အနုပညာအလုပ်တွေကို ခဏတာရပ်နားထားခဲ့ရတဲ့ အချိန်လေးမှာ မိသားစုနဲ့ အတူတူ ကရင်ပြည်နယ် ကို အပန်းဖြေ ခရီးအဖြစ် ရောက်ရှိနေတာဖြစ်ပါတယ်။ ယခုတစ်မှာလည်း ပရိသတ်တွေ ချစ်အားပိုစေမယ် အသည်းယားစရာ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Oakkarr
Photo Credit - Oakkarr

ဒီပုံလေးတွေထဲမှာတော့ ဝတ်မှုံရွှေရည်က လွတ်ပေါ့ပါးတဲ့ ဖက်ရှင်ဝတ်စုံလေးကို အထာကျကျဝတ်ထားကာ မြင်သူတိုင်း ရင်ခုန်သွားစေမယ့် အိုက်တင်လေးတွေနဲ့ ဖမ်းစားလိုက်ပြန်ပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သာယာလှပတဲ့ ဇွဲကပင်တောင်ကြီးရဲ့ သဘာဝရှုခင်းတွေနဲ့လည်း အပြိုင် လှသွေးကြွယ်နေတဲ့ ရွှေကစ် လေးရဲ့ ပုံရိပ်လေးတွေကိုတော့ ပရိသတ် ချစ်အားပိုစေမှာ အမှန်ပါနော်...။ ကဲ...ချစ်ပရိသတ်ကြီးရေ အပန်းဖြေခရီးတွေ သွားနေတဲ့ ရွှေကစ် ရဲ့ အသည်းယားစရာ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Oakkarr
Photo Credit - Oakkarr

Photo Credit - Oakkarr

Source - Wutt Hmone Shwe Yi's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။