ပရိသတ်ကြီးရေ အေးအတူပူအမျှနဲ့‌ချစ်နေကြတဲ့ နန္ဒာလှိုင်တို့ဇနီးမောင်နှံကတော့ အရမ်းအားကျဖို့ကောင်းလှပါတယ်နော်။အလှူအတန်းဆိုလည်း ဇနီးမောင်နှံနှစ်ယောက်လုံးက ရက်ရောကြလို့ နန္ဒာလှိုင်ဆိုရင် သီရိသုဓမ္မသိင်္ဂီဘွဲ့ကို ရရှိထားတာဖြစ်ပါတယ်။နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပေမယ့် ပရိသတ်အချစ်ကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။

Photo Credit:Zay Thiha's Facebook Account
Photo Credit:Zay Thiha's Facebook Account

နန္ဒာလှိုင်က သမီးသုံးယောက်ကိုလည်း မွေးဖွားထားလို့ မိသားစုဘဝလေးက စိုစိုပြေပြေလေးပါပဲနော်။ဦးဇေသီဟလည်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသလို့ သမီးတွေကိုလည်း ပြည့်စုံအောင်ထားပေးသလို ချစ်ဇနီးကိုလည်း စိတ်ချမ်းသာအောင်ထားပေးပါတယ်။နန္ဒာလှိုင်တို့မိသားစုလေးကို ပရိသတ်တွေကအရမ်းချစ်ကြလို့ စောင့်ကြည့်ပြီးအားပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Zay Thiha's Facebook Account
Photo Credit:Zay Thiha's Facebook Account
Photo Credit:Zay Thiha's Facebook Account

နန္ဒာလှိုင်တို့မိသားစုက မကြာသေးခင်ကပဲ မိသားစုစုံစုံလင်လင်နဲ့ သူမတို့ပိုင်တဲ့ ဟိုတယ်ဇွဲကပင်ကို ရောက်ခဲ့ကြသလို အခုဆိုရင်လည်း ချစ်ခင်ပွန်းနဲ့အတူ ဟိုတယ်ဇွဲကပင်မှာ အလုပ်တွေလုပ်နေတာဖြစ်ပါတယ်။နန္ဒာလှိုင်ကတော့ ဘယ်အလုပ်မဆို ကိုယ်တိုင်လုပ်တာကြောင့် အခုဆိုရင်လည်း ရေကူးကန်ထဲကအမှိုက်တွေကို ကိုယ်တိုင်ဆယ်နေတာဖြစ်ပါတယ်။ဦးဇေသီဟကတော့ ချစ်ဇနီးလေးကို ဓာတ်ပုံရိုက်ထားပြီး လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလာခဲ့တာဖြစ်ပါတယ်။

Photo Credit:Zay Thiha's Facebook Account
Photo Credit:Zay Thiha's Facebook Account

Source&Photo Credit:Zay Thiha's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။