ပရိတ်သတ်ကြီးရေ......အရွယ်တင်နုပျိုလှပနေပြီး အနုပညာလောကမှာအချိန်အတော်ကြာရပ်တည်အောင်မြင်နေတဲ့သူလေးကတော့ မင်းသမီးချောလေးနန်းစုရတီစိုးပါ။ သူမဟာ မေမေဆူလိမ့်မယ်သီချင်းနဲ့ပရိတ်သတ်အားပေးမှုရရှိလာခဲ့ပြီး ဗီဒီယိုဇာတ်ကားများ ရုပ်ရှင်ကားများပါရိုက်ကူးအောင်မြင်နေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။

Photo credit-Nansu Yati Soe's Facebook acc
Photo credit-Nansu Yati Soe's Facebook acc

နန်းဆုရတီစိုးဟာ အသံချိုချိုအေးအေးလေးနဲ့လည်း ပရိတ်သတ်တွေကိုဖမ်းစားနိုင်တဲ့သူလေးဖြစ်တာကြောင့် သူမရဲ့သီချင်းလေးတွေဟာဆိုရင်လည်း ပရိတ်သတ်တွေကြားမှာရေပန်းစားနေတာပဲဖြစ်ပါတယ်။ ဒါ့ပြင်နန်းဆုဟာအပြုံးချိုချိုလေးတွေနဲ့ ပရိတ်သတ်တွေအပေါ်မှာလည်း ဖော်ဖော်ရွေရွေဆက်ဆံတတ်တဲ့သူလေးဖြစ်တာကြောင့် ပရိတ်သတ်ချင်ခင်အားပေးမှုအများအပြားရရှိထားတာလည်းဖြစ်ပါတယ်။

Photo credit-Nansu Yati Soe's Facebook acc
Photo credit-Nansu Yati Soe's Facebook acc

နန်းစုဟာ ခရီးသွားရတာလည်းသဘောကျတဲ့သူလေးဖြစ်ပြီး မကြာသေးမီကထွက်ရှိထားတဲ့ သူမရဲ့"မြန်မာပြည်ကြီးထဲမှာ" ဆိုတဲ့ သီချင်းလေးဟာလည်းလူငယ်တွေကြားမှာရေပန်းစားခဲ့တဲ့သီချင်းကောင်းလေးတစ်ပုဒ်ပါ။ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာမှာ "ရူးအောင်ချစ်ရတဲ့မြေ" ဆိုတဲ့ captionလေးနဲ့ ပုဂံရောက်နေတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ.....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nansu Yati Soe's Facebook acc
Photo credit-Nansu Yati Soe's Facebook acc

Source-Nansu Yati Soe's Facebook acc

Photo credit-Nansu Yati Soe's Facebook acc 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။