ပရိသတ်ကြီးရေ အနုပညာနဲ့ပက်သက်ရင် စွယ်စုံရတဲ့ယုန်လေးကတော့ ပရိသတ်တွေရဲ့အချစ်များစွာကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ယုန်လေးက အားနည်းသူကိုလည်း ကူညီဖေးမတတ်ပြီး စိတ်ကောင်းနှလုံးကောင်းရှိလို့ ပရိသတ်တွေက လေးစားချစ်ခင်နေကြတာပါနော်။ယုန်လေးက အမြဲတမ်းလိုလို တတ်နိုင်သလောက်ကိုမကြာခဏလှူဒါန်းနေပြီး သနားကြင်နာတတ်တဲ့စိတ်ဓာတ်လေးလည်း အပြည့်ရှိပါတယ်။
ယုန်လေးက အနုပညာကိုအရမ်းဝါသနာပါကြတဲ့ ကျော်စွာနဲ့မင်းဇက်တို့ကိုလည်း မြေတောင်မြှောက်ပေးထားပြီး သုံးယောက်သားပေါင်းပြီး သီချင်းအသစ်လေးတွေလည်း ဖန်တီးထားကြတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း သူတို့ရဲ့သီချင်းလေးတွေကို တစ်ခဲနက်အားပေးဝန်းရံကြတာကြောင့် အနုပညာလောကမှာ လျှောက်လှမ်းဖို့အတွက် အားအင်တစ်ခုပါပဲနော်။ယုန်လေးက ကျော်စွာအတွက်လည်း အစစအရာရာကို ကူညီဖေးမပေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။
ယုန်လေးက ကျော်စွာနဲ့မင်းဇက်တို့ကို တကယ့်ညီအစ်ကိုအရင်းတွေလို စိတ်ရင်းနဲ့ဆက်ဆံပြီး လမ်းမှန်ကိုညွှန်ပြပေးပါတယ်နော်။အခုဆိုရင်တော့ ယုန်လေးက ကျော်စွာနဲ့မင်းဇက်တို့ နှစ်ယောက်ကို ဆိုက်ကားပေါ်တင်ပြီး ပျော်ပျော်ပါးပါးနင်းနေတာဖြစ်ပါတယ်။ယုန်လေးတို့သုံးယောက်ကတော့ လူငယ်တွေပီပီ လွတ်လပ်ပေါ့ပါးစွာနေတတ်ကြပြီး ပျော်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။
Source&Photo Credit:Yone Lay's Facebook Account
Video Credit:Yone Lay's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။