photo credit - Team Veteran Facebook page

မြန်မာနိုင်ငံရဲ့ အကောင်ဆုံး dota 2 team လို့ပြောလို့ရတဲ့ Team Veteran ရဲ့ po 4 player ဖြစ်သူ Rap Rap ကတော့ လက်ရှိအချိန်မှာ Veteran ကနေ အနားယူသွားပြီပဲဖြစ်ပါတယ်။

Rap Rap အနေနဲ့ သူအနားယူရတဲ့အကြောင်းရင်းကိုတော့ “ ကျွန်တော် pressure ဒဏ် စိတ်ပင်ပန်းမှုတွေကြောင့် နောက်လာမယ့် ပြိုင်ပွဲများတွင် ထပ်မံပြီး Team Veteran နဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်တော့မှာမဟုတ်တော့ပါဘူးခင်ဗျာ.. ကျွန်တော်ဆက်လက်၍အကောင်းဆုံးဖြတ်အောင် အမြဲကြိုးစားသွားမှာပါ “ post တင်ပြီးပြောကြားခဲ့ပါတယ်။

screenshoot of rap rap post

မနေ့ကဆိုရင်လည်း Rap Rap ဟာကျန်းမာရေးအခြေအနေကြောင့် Team Veteran Vs Neon Esports ပွဲစဉ်မှာ ဝင်ရောက်ကစားနိုင်ခြင်းမရှိခဲ့ဘဲ ဒီကနေ့မှာဆိုရင်တော့ Team Veteran ကနေ ထွက်ခွာခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

Team Veteran အနေနဲ့ ပြန်လည်ဖွဲ့စည်းထားတာ လပိုင်းလောက်သာရှိသေးပြီး လက်ရှိအချိန်မှာ pressure တွေများစွာနဲ့ ရင်ဆိုင်နေရသလို အားပေးနေတဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးဖြစ်အောင်ကျိုးစားနေတာကိုလည်း တွေ့ရပါတယ်။

Team Veteran ရဲ့ လက်ရှိကျန်ရှိနေတဲ့ roster ကတော့

Po 1- Mice

Po 2- InsaNe

Po 3- ShOwT

Po 5- Kenji

တို့ပဲဖြစ်ပါတယ်။ 

Myanmraload Esports ...............

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။