ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ အနုပညာလောကမှာ ခန္ဓာကိုယ်လှပလွန်းတဲ့ သူတစ်ယောက်အဖြစ် အားလုံးရဲ့ သတ်မှတ်ခြင်းကို ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ခေတ်ရှေ့ပြေးဖက်ရှင်များကို စတိုင်ကျကျ ဝတ်ဆင်တတ်တာကြောင့်လည်း ပုရိသတွေရဲ့ တဖြုတ်ဖြုတ်ကြွေကျခြင်းကို ခံထားရသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သင်ဇာဟာ လတ်တလောမှာ ပွဲအခမ်းအနားလေးတွေနဲ့ ကြော်ငြာလေးတွေ အဆက်မပြတ် ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။  

Photo Crd - Thinzar Wint Kyaw's Facebook Account
Photo Crd - Thinzar Wint Kyaw's Facebook Account
Photo Crd - Thinzar Wint Kyaw's Facebook Account

လွန်ခဲ့တဲ့ နာရီပိုင်းလောက်လည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့အရသာရှိလှတဲ့ကိုယ်တိုင်ချက်ထောပတ်ထမင်းတွေကိုကိုယ်တိုင်အိမ်အရောက်လာပို့ပေးတဲ့ညီနန္ဒကိုကျေးဇူးတင်စကားဆိုလိုက်တဲ့ သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း အခုလိုပဲ ရေးသားထားကာ ကျေးဇူးတင်စကား ပြောကြားထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့

Photo Crd - Thinzar Wint Kyaw's Facebook Account
Photo Crd - Thinzar Wint Kyaw's Facebook Account
Photo Crd - Thinzar Wint Kyaw's Facebook Account

" အိမ်အထိတကူးတကလာပို့ပေးလို့ကျေးဇူးပါအကိုရေ...

ထောပတ်ထမင်းလေးကလဲမွှေးနေတာပဲ... ကြက်သားဟင်းလေးကလဲနူးအိပြီး အနံ့အရသာနဲ့လဲပြည့်စုံပြီး အရမ်းစားလို့ကောင်းပါတယ် ... ပုစွန်ထုတ်ကလဲ အကြီးကြီးဆိုတော့ရှယ်ပဲ ... ဒီထက်ပိုပြီးရောင်းကောင်းပါစေအကိုရေ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ညီနန္ဒရဲ့ ထောပတ်ထမင်းလေးဟာလည်း မြင်သူတိုင်း သွားရည်ယိုသွားလောက်အောင် သန့်ရှင်းစွာ ချက်ပြုတ်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သင်ဇာနဲ့ ညီနန္ဒရဲ့ ပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Thinzar Wint Kyaw's Facebook Account

Photo Crd - Thinzar Wint Kyaw's Facebook Account
Photo Crd - Thinzar Wint Kyaw's Facebook Account
Photo Crd - Thinzar Wint Kyaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။