အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်လာပြီး နေရာတစ်ခုကို အခိုင်အမာရရှိထားတဲ့ သူတွေထဲမှာ သရုပ်ဆောင် မင်းသားချော ကျော်ကျော်ဟာ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ ကျော်ကျော်က ဗီဒီယိုဇာတ်ကားတွေမှာ အဓိက ဇာတ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်ရိုက်ကူးနေပြီး ပီပြင်လှတဲ့ သရုပ်ဆောင် မှုတွေအပြင် ဇာတ်ရုပ်အတိုင်း အဝတ်အစားအပြင်အဆင်တွေကိုလည်း လိုက်ဖက်ညီအောင် ဝတ်ဆင်တက်တာကြောင့် ပရိသတ်တွေ အကြိုက်တွေ့နေရတဲ့ သူပဲဖြစ်ပါတယ်....။

Photo credit _ N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ's FB page
Photo credit _ N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ's FB page

ကျော်ကျော်ဟာ ယခုလက်ရှိမှာ အောင်မြင်မှုတွေ အသင့်အတင့်ရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ သူနဲ့အတူ အနုပညာလောကမှာ ရပ်တည်နေတဲ့ မင်းသားချော ညီထွဋ်ခေါင်နဲ့ မင်းသမီးချော ဆုမြတ်နိုးဦးတို့ နှစ်ယောက်ဟာဆိုရင်လည်း ကျော်ကျော်ရဲ့ အရမ်းချစ်ခင်ရတဲ့ သူငယ်ချင်းတွေပဲဖြစ်ပါတယ်။ သူငယ်ချင်း သုံးယောက်အတူ ဖွင့်ထားတဲ့ ဗရမ်းဗတာ BFFဆိုတဲ့ pageလေးမှာလည်း အတူတူ ဟာသတွေဖန်တီးကာ ပရိသတ်တွေဆီကိုမျှဝေပေးလျက်ရှိနေတာကိုလည်း တွေ့ရပါတယ်....။

Photo credit _ N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ's FB page
Photo credit _ N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ's FB page

ယနေ့မှာတော့ သူငယ်ချင်းသုံးယောက်ရဲ့ pageလေးကနေ ကျော်ကျော်က ဗီဒီယိုဖိုင်လေးတစ်ခုကိုတင်ပေးလာတာပဲဖြစ်ပါတယ်။ မိခင်ဖြစ်သူ ချက်ပေးထားတဲ့ မြန်မာထမင်းနဲ့ ဟင်းကို ဟန်ဆောင်မှုမရှိပဲ လက်နဲ့ အားရပါးရစားသောက်နေတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေကလည်း ကျော်ကျော်ရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်.....။

Photo credit _ N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ's FB page
Photo credit _ N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ's FB page

Photo credit _ N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ's FB page

Source _ N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။