ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားကြသူတွေကတော့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ အတွဲလေးပဲ ဖြစ်ပါတယ်။ 

သူတို့နှစ်ယောက်လုံးဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိရှိနဲ့ အခက်အခဲ မှန်သမျှကို ရင်ဆိုင်ဖြေရှင်းတတ်တာကြောင့်လည်း ပရိသတ်တွေ အားလုံးက အားကျနေကြတာလည်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း ရန်သိပ်မဖြစ်ကြဘဲ အရမ်းကို ချစ်ကြတဲ့ ချစ်သူစုံတွဲလေးပဲ ဖြစ်ပါတယ်။   

Photo Crd - Khin Hlwan's Facebook Account
Photo Crd - Khin Hlwan's Facebook Account
Photo Crd - Khin Hlwan's Facebook Account

ဒီနေ့လေးကတော့ စည်ဖြိုးရဲ့ အချစ်ဆုံး ချစ်သူလေးဖြစ်တဲ့ သရုပ်ဆောင် ခင်လွှမ်းရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ စည်ဖြိုးဟာ ချစ်သူလေးရဲ့ မွေးနေ့လေးကို အမှတ်တရလေး ဖြစ်သွားအောင် လက်ဆောင်လေးတစ်ခု ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကတော့ ချစ်သူလေးကို မွေးနေ့လက်ဆောင်အဖြစ် တန်ဖိုးကြီး ပတ္တမြားလက်စွပ်လေးကို Surprise လုပ်ကာပေးလိုက်တာပဲ ဖြစ်ပါတယ်။ ခင်လွှမ်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း အခုလိုပဲ ရေးသားထားတာပဲ ဖြစ်ပါတယ်။ 

Photo Crd - Khin Hlwan's Facebook Account
Photo Crd - Khin Hlwan's Facebook Account
Photo Crd - Khin Hlwan's Facebook Account

" ဂျူးရဲ့ မွေးနေ့မှာ အခုလို Third Eyeအဖြစ် FutureEyeအဆောင်လက်စွပ်လေးကို Birth Month stone Ruby လေးနဲ့ လက်စွပ်လေးကို Suprise Birthday Present ပေးလို့ ကျေးဇူးများကြီးများကြီး တင်ပါတယ် ကို ဂျူး တကယ် လုံးဝ ထင်မထားပါဘူး

ဂျူးလည်း အခုမွေးနေ့က စလို့ ကို့အပေါ်မှာ ရိုသေ လေးစား စကားနားထောင်သော အလိုက်သိ လိမ္မာ သစ္စာရှိသော ထာဝရ လက်တွဲဖော်အဖြစ် အသက်ထက်ဆုံး ရှိနေသွားပါ့မယ်လို့ ကတိပေးပါတယ်

ကိုယ့်ရဲ့ Chit Sone Drama Jue " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီ သတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Khin Hlwan's Facebook Account  

Photo Crd - Khin Hlwan's Facebook Account
Photo Crd - Khin Hlwan's Facebook Account
Photo Crd - Khin Hlwan's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။