ပရိသတ်ကြီးရေ.. ဖြိုးမြတ်အောင်လို့ ဆိုလိုက်တာနဲ့ သီချင်းကောင်းလေးတွေကို သူ့ရဲ့အသံပါဝါကောင်းကောင်းနဲ့ အမိုက်စားသီဆိုတတ်သလို ရိုးသားပြီးကြိုးစားတတ်လို့ Myanmar Idol ပြိုင်ပွဲမှာ ပရိသတ်တွေအားလုံးက တခဲနက် အားပေးဝန်းရံခဲ့ကြတဲ့ အဆိုတော်ဖြိုးမြတ်အောင်ကို ပရိသတ်တွေ မြင်ယောင်သတိရမိမှာပါနော်..။
အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ် ဂီတအနုပညာရှင်အဖြစ် ဂီတလမ်းလျှောက်ကြောင်းပေါ်မှာ လျှောက်လှမ်းရပ်တည်နေပြီဖြစ်တဲ့ ဖြိုးမြတ်အောင်ကတော့ သူ့ရဲ့အနုပညာလှုပ်ရှားမှုလေးတွေ အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း ညီဖြစ်သူ ဘချစ်နဲ့အတူ သူတို့ညီအစ်ကိုကြားက ဆက်ဆံရေးလေးကို ပြောပြလာပါတယ်နော်..။
ငယ်ငယ်က ကစားဖော်လိုချင်လို့ ညီလေးလိုချင်လို့ မွေးခိုင်းတာ မွေးလာတော့ အရမ်းပျော်ပါတယ် ငယ်ငယ်အမှတ်တရကတော့ ကျွန်တော်က အရမ်းစတယ် သူကစိတ်ဆတ်တယ် အရမ်းစတော့ ကျွန်တော့ကို ဓါးနဲ့ ပစ်ပေါက်လိုက်တာ ခြေထောက်မှာ သွေးတောင်ထွက်တယ် ဒဏ်ရာအထိရှိတယ်
“အသက်(၅)နှစ်ကွာတဲ့ ညီအစ်ကိုဆိုပေမယ့် သူငယ်ချင်းလိုပဲ ပေါင်းကြပြီး တိုင်တိုင်ပင်ပင်နဲ့ နောက်ဆုံးရန်ဖြစ်တာတောင် အတူတူဖြစ်ကာ လူငယ်တွေပီပီ တစ်ယောက်ရန်ဖြစ်လို့ တစ်ယောက်ထိရင် တစ်ယောက်မရတဲ့အကြောင်းလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။
ဖြိုးမြတ်အောင်ကို သူ့ရဲ့ရှေ့ဆောင်လမ်းပြ အစ်ကိုတစ်ယောက်ဖြစ်သလို “အိမ်ထောင်မပြုစေချင်သေးပါဘူး တရားအလုပ်လေးတွေနဲ့ ပျော်နေတာပဲ မြင်ချင်ပါတယ် ဘယ်လိုအမျိုးသမီးနဲ့မှ မတွေ့စေချင်သေးဘူး စိတ်ရှုပ်စိတ်ညစ်တာတွေလည်း မခံနိုင်ဘူးလေ သူက အမျိုးသမီးတွေကို စိတ်မဝင်စားပါဘူး အမျိုးသားတွေကိုပဲ စိတ်ဝင်စားတာပါ..” ဆိုပြီးတော့လည်း ဘချစ်က အရွှန်းဖောက် ပြောပြထားပါသေးတယ်..။
ညီအစ်ကိုတွေ တစ်ခါတစ်လေ စိတ်ဆိုး စိတ်ကောက်ကြတဲ့ ပျော်စရာ အမှတ်တရလေးတွေကိုလည်း ပြောပြထားသေးတဲ့ ဖြိုးမြတ်အောင်တို့ ညီအစ်ကို နှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။
Photo Credit - Phyo Myat Aung's Fb Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။