ပရိသတ်တွေရဲ့အားကျချစ်ခင်ခြင်းခံရတဲ့ အနုပညာရှင်စုံတွဲတွေထဲမှာတော့ အဆိုတော် ကျော်ထွဋ်ဆွေနဲ့ အဆိုတော်၊ သရုပ်ဆောင် နန်းသူဇာတို့စုံတွဲလေးကလည်း အပါအဝင်ဖြစ်ကြပါတယ်။ သူတို့စုံတွဲလေးဟာဆိုရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိပြီး သစ္စာမပျက်ဘဲ လက်တွဲတွေခိုင်မြဲနေတဲ့စုံတွဲလေးလည်း ဖြစ်ပါတယ်။ နှစ်တွေအကြာကြီးအတူရှိခဲ့ကြတဲ့ သူတို့နှစ်ယောက်က အခုဆိုရင် ချစ်သူသက်တမ်း (၉) နှစ်ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit-Nann Thuzar's FB Acc
Photo Credit-Nann Thuzar's FB Acc
Photo Credit-Nann Thuzar's FB Acc

ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ချစ်သူနှစ်ဦးက သီချင်းတွေလည်း အတူတူဖန်တီးကြပြီး အနုပညာအလုပ်တွေကိုလည်း အတူလက်တွဲလုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ပွဲအခမ်းအနားတွေကအစ အတူတူတက်ရောက်လေ့ရှိတဲ့ ကျော်ထွဋ်ဆွေတို့စုံတွဲလေးက တစ်ခါတစ်ရံမှာလည်း ခရီးတွေထွက်ပြီး ပျော်ရွှင်စရာအမှတ်တရတွေကို ဖန်တီးလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း နန်းသူဇာက ချစ်ရတဲ့ကျော်ထွဋ်ဆွေနဲ့ ချစ်သူသက်တမ်း (၉) နှစ်နဲ့ (၄)လတောင်ပြည့်သွားပြီဖြစ်ကြောင်း တင်ထားတာ ဖြစ်ပါတယ်။

Photo Credit-Kyaw Htut Swe's FB Acc
Photo Credit-Kyaw Htut Swe's FB Acc
Photo Credit-Kyaw Htut Swe's FB Acc

မကြာခင်မှာ ချစ်သူသက်တမ်း (၁၀) နှစ်တောင်ပြည့်တော့မှာဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ချစ်သူနှစ်ဦးရဲ့မင်္ဂလာသတင်းကို ပရိသတ်တွေကလည်း စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။ ရှေ့သွားနောက်လိုက်ညီပြီး အရမ်းကိုလိုက်ဖက်လွန်းတဲ့ နန်းသူဇာတို့စုံတွဲလေးကတော့ တကယ့်ကို အားကျချင်စရာကောင်းနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့စုံတွဲလေးရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Nann Thuzar's FB Story

Photo Credit-Kyaw Htut Swe's FB Acc
Photo Credit-Nann Thuzar's FB Acc
Photo Credit-Nann Thuzar's FB Story

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။