မင်းသမီးချောလေး ပိုင်ဖြိုးသု ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ အတူ အကောင်းဆုံးလျှောက်လှမ်းလာခဲ့တဲ့ မင်းသမီးချောလေး ပဲဖြစ်ပါတယ် ။ သူမဟာ လတ်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက် ရိုက်ကူးနေရပြီး သဘာဝကျကျ နဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း အကယ်ဒမီ ဆုတွေကို တိုက်တိုက်တန်တန် ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပိုင်ဖြိုးသု ဟာ ဒါရိုက်တာ ဏကြီးနဲ့ အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ရရှိပိုင်ထားတာကိုလည်း တွေ့ရပါတယ်။

Photo & Video Credit - Paing Phyoe Thu
Photo & Video Credit - Paing Phyoe Thu

လတ်တလောမှာတော့ ပိုင်ဖြိုးသု ဟာ အပန်းဖြေခရီးတွေကို ဆက်တိုက်ဆိုသလို သွားရောက်လည်ပတ်နေပြီး သူမရောက်ရှိခဲ့တဲ့ ခရီးစဉ်တွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိပါတယ်။ယခုတစ်ခါမှာလည်း ခွေးလေးတွေကို အရမ်းချစ်တက်တဲ့ ပိုင်ဖြိုးသု ကတော့ ပြင်ဦးလွင်ကို သွားရောက်လည်ပတ်ရင်း အမှတ်မထင် ခွေးလေးတစ်ကောင်အနားရောက်လာလို့ အစားလေးတွေကျွေးနေတာလေးကို ဗီဒီယိုလေးကို ပရိသတ်တွေအတွက်တင်ပေးလာခဲ့ပါတယ်။ ဒီဗီဒီယိုလေးတွေနဲ့လည်း ပိုင်ဖြိုးသု က " သုသုတို့ဒီနေ့ပြင်ဦးလွင်မှာညနေဘက်ကန်တော်ကြီးFeel နားတဝိုက်လမ်းလျှောက်တာ...ဒီကောင်လေးနဲ့တွေ့လာလို့...Corgiလေးဆိုတော့အိမ်မွေးခွေးလေးပဲထင်ပါတယ်....ပျောက်သွားတဲ့ပိုင်ရှင်လည်းတော်တော်စိတ်မကောင်းဖြစ်ရှာမှာ....

Photo & Video Credit - Paing Phyoe Thu
Photo & Video Credit - Paing Phyoe Thu

သူ့ကြည့်ရတာအဲဒီ့နားရောက်နေတာကြာပြီနဲ့တူတယ်....ညစ်ပတ်ပြီးပိန်နေရှာပြီ...ကိုယ်တွေကတွေ့တွေ့ချင်း'သားသားကလမ်းပျောက်နေတာလားလို့မေးပြီးခေါင်းလေးပုတ်လိုက်တာနဲ့ ကိုယ်လမ်းလျှောက်တဲ့နောက်တကောက်ကောက်လိုက်လာတော့တာ...ကားတံခါးလည်းဖွင့်ရောသူကကားကူရှင်ပေါ်တက်ထိုင်ပြီးသားပဲ....အမှန်တိုင်းပြောရရင်အိမ်ခေါ်လာမွေးချင်တာ...မေမေကအိမ်မှာ ဂါမဏိနဲ့ Junior နှစ်ကောင်နဲ့တင်မနိုင်တော့ဘူးလို့ပြောလို့... ပြီးတော့တကယ်လို့ပျောက်နေတာမဟုတ်ဘဲပိုင်ရှင်ရှိနေရင်လည်း နေရင်းထိုင်ရင်းခွေးသူခိုးဖြစ်မှာစိုးလို့ ပျောက်နေတာဆိုရင်လည်းပိုင်ရှင်နဲ့အမြန်ပြန်တွေ့ပါစေ ကလေးရေ " ဆိုပြီး ရေးသားထားပါသေးတယ် ။ ကဲ..ပရိသတ်ကြီးရေ ခွေးလေးတွေကို ချစ်တက်တဲ့ ပိုင်ဖြိုးသု ရဲ့ အပြုအမူလေးတွေကိုတော့ လေးစားမိမှာ အမှန်ပါနော်..။

Photo & Video Credit - Paing Phyoe Thu

Source - Paing Phyoe Thu facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။