သူများတွေနဲ့ မတူပဲ ထူးခြားတဲ့ ပြာလဲ့လဲ့အသံလေးကို ပိုင်ဆိုင်ထားပြီး အမိုက်စားသီချင်းတွေကို ခံစားချက်အပြည့်နဲ့ သီဆိုကာ ပရိသတ်ရင်ထဲ ထိုးဖောက်ဝင်ရောက်လာနိုင်သူလေးကတော့ အဆိုတော် ဟဲလေးပဲဖြစ်ပါတယ်။ ဟဲလေးက ဆယ်စုနှစ်တစ်ခုကြာအနုပညာလောကမှာ ရပ်တည်နေတာဖြစ်ပြီး တစ်ကိုယ်တော် အယ်ဘမ်လ်များစွာကိုလည်း ထွက်ရှိထားနိုင်တဲ့ သူလေးပါ ။ နောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာလုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်....။

Photo credit _ He' Lay - ဟဲလေး's FB account
Photo credit _ He' Lay - ဟဲလေး's FB account

ဟဲလေးက မင်းသမီးတစ်ယောက်လို ချောမောလှပကာ အိမ်မှုကိစ္စနိုင်နင်းတဲ့ ဇနီးလေးကို ပိုင်ဆိုင်ထားပြီး သူနဲ့ ချွတ်ဆွတ်တူတဲ့ သားချောလေး နှစ်ယောက်ကိုလည်း မွေးဖွားထားပါသေးတယ်။ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ အဆိုတော်ဟဲလေးက အိမ်ထောင်ဦးစီးကောင်းတစ်ယောက်လည်းဖြစ်ပါသေးတယ်။ ကလေးအဖေဖြစ်ပေမယ် နုပျိုခန့်ညားတဲ့ သူရဲ့ ရုပ်ရည်ကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို ယနေ့တိုင်ရရှိနေသူလည်းဖြစ်ပါတယ်....။

Photo credit _ He' Lay - ဟဲလေး's FB account
Photo credit _ He' Lay - ဟဲလေး's FB account

ဟဲလေးက အနုပညာညီအကိုတွေဖြစ်ကြတဲ့ မင်းသားချော အောင်ရဲလင်းနဲ့ ပိုင်တံခွန်တို့လို ရေချိုးကန်ထက်မှာ အမ်ိုက်စားပိုစ့်ပေးကာ ဓာတ်ဖမ်းနေတဲ့ ပုံလေးတွေကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ပိုစ့်တွေတူနေတဲ့ သုံးယောက်ပုံကိုယှဉ်ကာ " အဆင်​ပြေတာသာ...​ရွေးသွား မင်းသ​ဘောပဲ....သဲ​လေး ဦးကို​ရွေးရင်​တော့....အပိုဆု​တွေပါ လက်​ဆောင်ထပ်ရမယ် " ဆိုပြီး ပရိသတ်တွေကို စနောက်ထားတာပဲဖြစ်ပါတယ်။ ကဲ...ချစ်ပရိသတ်တွေကြည့်ရှုစေနိုင်ရန်အတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်......။

Photo credit _ He' Lay - ဟဲလေး's FB account
Photo credit _ He' Lay - ဟဲလေး's FB account

Photo credit _ He' Lay - ဟဲလေး's FB account

Source _ He' Lay - ဟဲလေး's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။