အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အတူ နေရာတစ်နေရာကို အခိုင်မာရပ်တည်ထားနိုင်ခဲ့သူ ကတော့ မင်းသား ကျော်ကျော် ပဲဖြစ်ပါတယ် ။ ကျော်ကျော် ဟာဆိုရင် ဗီဒီယို ဇာတ်ကားတွေမှာလည်း ကျရာဇာတ်ရုပ်ကို အကောင်းဆုံး ပီပြင် သရုပ်ဆောင်နိုင်တာကြောင့် အောင်မြင်မှုတွေ ရရှိနေတာ ဖြစ်ပါတယ်။ သူကတော့ အမြဲပျော်ပျော်ရွှင်ရွှင် နေတက်ပြီး ယနေ့အချိန်ထိလည်း အိမ်ထောင်မပြုသေးပဲ ချစ်ရတဲ့ မိသားစုနဲ့ အတူ ဘဝကို ပျော်ရွှင်စရာတွေနဲ့ ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။

Photo Credit - Kyaw Naing Oo
Photo Credit - Kyaw Naing Oo

ဒါ့အပြင် ကျော်ကျော် ကတော့ ညီထွဋ်ခေါင် နဲ့ ဆုမြတ်နိုးဦး တို့ နှစ်ယောက်နဲ့လည်း အရမ်းကို ချစ်ကြတဲ့ သူငယ်ချင်းတွေပဲဖြစ်ပါတယ်နော်..။ ကျော်ကျော် ကတော့ မကြာခဏဆိုလို ပရိသတ်တွေ ရယ်မောပျော်ရွှင်စေဖို့ အတွက် ဟာသ ဗီဒီယိုလေးတွေကိုလည်း ဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာလည်း ကျော်ကျော် ကတော့ ရှမ်းပြည်နယ်ကို အလည်အပတ်ရောက်ရှိနေတဲ့ အမှတ်တရ ပုံရိပ်လေးတွေကို ပရိသတ်တွေကို တင်ပေးလာခဲ့ပြန်ပါပြီနော်..။

Photo Credit - Kyaw Naing Oo
Photo Credit - Kyaw Naing Oo

ဒီပုံလေးတွေထဲမှာတော့ ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ ရဲ့ အလှတရားတွေနဲ့ အတူ ချစ်ရတဲ့ အမျိုးတွေနဲ့ ပျော်ပျော် ရွှင်ရွှင် ဓာတ်ဖမ်းထားတဲ့ အမှတ်တရ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ကျော်ကျော် က " အောင်ပန်း တောင်ကြီးမှ အမျိုးများနဲ့ ပျော်ရွှင်စရာ အမှတ်တရ ခရီးစဉ်လေးပါ" ဆိုပြီး ရေးသားဖော်ပြထားပါတယ်သေးတယ် ။ ကဲ..ချစ်ပရိသတ်ကြီးရေ တကယ့်ကို ကြည်နူးစရာကောင်းလောက်တဲ့ ကျော်ကျော် ရဲ့ ခရီးသွားပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Kyaw Naing Oo

Photo Credit - Kyaw Naing Oo

Source - Kyaw Naing Oo facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။