မင်းသမီးချောလေး ခြူးလေးကတော့ ဇာတ်လမ်းတွဲတွေကတစ်ဆင့် တဖြည်းဖြည်းနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလာရတဲ့အထိ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။ ခြူးလေးက "ပန်းနုသွေး၊ ထာဝရမန္တလေး၊ နွေလယ်ညရဲ့လမင်း" ဇာတ်လမ်းတွဲလေးတွေနဲ့ အထူးတလည်အောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင် ခြူးလေးက ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ် ။

Photo Credit-Chue Lay's FB Acc
Photo Credit-Chue Lay's FB Acc

ခြူးလေးက သရုပ်ဆောင်ကောင်းတဲ့အပြင် အသံချိုချိုလေးနဲ့ သီချင်းတွေသီဆိုလေ့ရှိတာလည်း ဖြစ်ပါတယ် ။ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ ခြူးလေးရဲ့ "နီးနီးလေးပဲ" ဆိုတဲ့သီချင်းလေးကလည်း အရမ်းကိုရေပန်းစားအောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။ Tik Tok ဗီဒီယိုလေးတွေနဲ့လည်း ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားပြန်တဲ့ ခြူးလေးက အခုလည်း အမိုက်စားဗီဒီယိုလေးကို တင်ပေးထားပါတယ်။

Photo Credit-Chue Lay's FB Acc
Photo Credit-Chue Chue's FB Acc

ခြူးလေးက ယိုင်နဲ့နဲ့ပုံစံလေးနဲ့ လမ်းလျှောက်နေရင်းကနေ ချက်ချင်းဆိုသလို မြင်သူငေးရလောက်အောင် ကြွကြွရွရွလေး လမ်းလျှောက်ပြလိုက်တာ ဖြစ်ပါတယ် ။ လတ်တလောမှာရေပန်းစားနေတဲ့ပုံစံလေးနဲ့ Tik Tok ကစားပြလိုက်တဲ့ ခြူးလေးကတော့ ဖြူဖွေးဝင်းဥပြီး နုဖတ်လှပနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ခြူးလေးရဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Chue Lay's Tik Tok Acc

Photo Credit-Chue Chue's FB Acc
Photo Credit-Chue Chue's FB Acc
@babychuelay

nursery - bbno$

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။