ပရိတ်သတ်ကြီးရေ...တစ်ခတ်တခါကနာမည်ကျော်လူကြိုက်များခဲ့တဲ့ အဆိုတော်မေရွက်ဝါရဲ့ သမီးလေးဖြစ်တဲ့ ဆန်းသစ်လကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ အသံချိုချိုအေးအေးလေးနဲ့လည်း သီချင်းကောင်းလေးတွေကိုသီဆိုတတ်တဲ့အပြင် သရုပ်ဆောင်၊မော်ဒယ်တစ်ယောက်အနေနဲ့ပါရပ်တည်အောင်မြင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာဆိုရင်လည်း ဆန်းသစ်လဟာ ကြည်နူးချမ်းမြေ့စရာကောင်းတဲ့အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတာဖြစ်ပါတယ်။

ဆန်းသစ်လဟာ ကိုယ်၀န်လည်းလွယ်ထားရပြီဖြစ်ပြီး သမီးလေးလို့သိရပါတယ်။ သူမရဲ့ကိုယ်၀န်ဟာ 28ပတ်ကျော်ရှိနေပြီဖြစ်ပြီး မေမေဆန်းသစ်လတစ်ယောက်သမီးလေးအတွက်ရင်တွေခုန်နေပြီပဲဖြစ်ပါတယ်နော်။ ဆန်းသစ်လဟာ အိမ်ထောင်ရေးကံကောင်းတဲ့အမျိုးသမီးတစ်ဦးလည်းဖြစ်ပြီး သူမရဲ့ခင်ပွန်းဟာလည်း အမြဲလိုလိုဂရုတစိုက်နဲ့ နွေးထွေးကြင်နာတတ်တဲ့ သူတစ်ယောက်ဆိုလည်းမှားမယ်မထင်ပါဘူး။

အမြဲလိုလိုဂရုစိုက်လေ့ရှိတဲ့ ဆန်းသစ်လရဲ့ခင်ပွန်းဖြစ်သူဟာ အခုအခါမှာဆိုရင်လည်းမိန်းမဖြစ်သူကို စပရိုက်လုပ်လိုက်ပြန်ပါပြီနော်။ ဒီအကြောင်းလေးကိုဆန်းသစ်လဟာ သူမရဲ့Facebookစာမျက်နှာတွင် "မိန်းမအတွက်တဲ့ကြွေပြီလေယောကျာ်းရယ်အဲ့​ကျောက်​လေးကြိုက်တယ်လို့ပဲ​​ပြောမိလိုက်တာ ​​ရွှေလမသိ​အောင်တိတ်တိတ်​လေး ပန်းတိမ်မှာအပ်ထားပြီး suprise လုပ်​သေးတာအ​သေးစိတ်ကအစ မိန်းမအ​ပေါ်မှာဂရုစိုက်​ပေးချစ်​ပေးလို့ ​​ကျေးဇူးလည်းအရမ်းတင်သလို အရမ်းလည်းချစ်ပါတယ်​ယောကျာ်း​ရေ" ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source-San Thit La's Facebook acc

Photo credit-San Thit La's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။