ချစ်ပရိသတ်ကြီးရေ MRTV-4 မင်းသားချောလေး ကျော်ထက်ဇော် ဟာဆိုရင် ပရိသတ်တွေရဲ့ အချစ်တွေကို အချိန်အတိုတွင်း သိမ်းပိုက်ယူနိုင်ခဲ့တဲ့ မင်းသားချောလေးပဲဖြစ်ပါတယ်။လက်ရှိမှာတော့ ကျော်ထက်ဇော် ဟာ လတ်ရှိမှာ ဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေလည်း လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာလောကမှာလည်း သရုပ်ဆောင်ကောင်းတစ်ယောက်အောင် ကြိုးစားလုပ်ကိုင်နေတဲ့ သူပဲဖြစ်ပါတယ် ။
ဒါ့အပြင် ကျော်ထက်ဇော် ဟာဆိုရင် တည်ကြည်ခန့်ညားပြီး ဆွဲဆောင်မှုရှိတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းဆွဲချစ်ရတဲ့ သူလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ ပရိသတ်တွေရဲ့ အချစ်တော်လေး ကျော်ထက်ဇော် ခရီးတွေ ဆက်တိုက် ဆိုသလို သွားရောက်တာဖြစ်ပါတယ်။ယခုမှာဆိုရင်လည်း ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင် သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။
ဒီပုံလေးတွေထဲမှာတော့ နှုတ်ခမ်းနီမလေးတွေ အသည်းတဖြုတ်ဖြုတ် ကြွေကျသွားရလောက်အောင် ယောက်ျားပီသတဲ့ တည်ကြည်ခန့်ညားမှုတွေနဲ့ ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ မတူညီတဲ့အိုက်တင်တွေနဲ့ ဆွဲဆောင်မှုရှိရှိ ချောမောလွန်းနေတဲ ကျော်ထက်ဇော် က ဒီပုံလေးတွေနဲ့ လည်း " သိချင်တယ်...ကျွန်တော်ကို ဘာလို့ချစ်တာ လဲ " ဆိုပြီး ချစ်ပေးတဲ့ ပရိသတ်တွေ ကို မေးခွန်းလေးထုတ်ထားခဲ့ပါတယ်နော်...။ ကဲ...ချစ်ပရိသတ်ကြီးရေ မင်းသားချော လေး ကျော်ထက်ဇော် ကို ဘာကြောင့်ချစ်တယ်ဆိုတာ ပြောပြပေးသွားပါဦးနော်...။
Photo Credit - Kyaw Htet Zaw
Source - Kyaw Htet Zaw 's Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။