ပရိသတ်ကြီး အားလုံးသိကြတဲ့အတိုင်း Mobile Game လောကဟာဆိုရင် ခုနောက်ပိုင်းမှာ တဖြည်းဖြည်း နာမည်ရလာပြီဖြစ်ပါတယ်။ အာ့ကြောင့်ပဲ ကမ္ဘာပေါ်မှာ နေ့စဉ်လူဆော့ကစားမှုအများဆုံးဂိမ်းဖြစ်တဲ့ League Of Legends ဟာဆိုရင်လဲ Mobile Game ဘက်ကိုပါ ဦးတည်လာပြီဖြစ်ပါတယ်။ PC လောကရဲ့ နာမည်ကြီး Shooter game ဖြစ်တဲ့ Apex Legends ဟာဆိုရင်လဲ PUBG , COD တို့လို Mobile ပေါ်ကိုရောက်ရှိဖို့လဲရှိပါတယ်။ ဒါကြောင့်ပဲ အောက်မှာဆိုရင်တော့ လူဆော့ကစားမှုများပြီး အကောင်းဆုံးလို့ပြောရမယ့် Mobile eSports ရဲ့ Battle Royal Game တွေကို ဖော်ပြလိုက်ပါတယ်။
Fortnite
Fortnite ဟာဆိုရင်တော့ eSports Game လောကမှာ တော်တော်အောင်မြင်မှုရရှိထားပြီး Epic Game ရဲ့ Main ကြီးလို့တောင်ပြောလို့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ Fortnite ကစားသူတွေရှိသလို Stream သူတွေလဲရှိပေမယ့် PUBG လောက် လူစိတ်ဝင်စားမှုမရှိပါဘူး။ သို့သော် Mobile Game လောကကို ကမ္ဘာတစ်ခုလုံးအနေနဲ့ပြောရရင် Fortnite ဟာ လူကစားမှုလဲများသလို ကြိုက်နှစ်သက်မှုလဲများပါတယ်။ သို့သော် Fortnite ဟာဆိုရင် ဖုန်းတိုင်းနဲ့ဆော့မရပဲ သူတို့ပြောတဲ့ သတ်မှတ်ထားတဲ့ဖုန်းတွေနဲ့ပဲဆော့ကစားလို့ရပါတယ်။ PC Version ကတော့ Free ကစားလို့ရပါတယ်။
PUBG Mobile
PUBG Mobile ကတော့ အများကြီး ပြောစရာမလိုလောက်ပါဘူး။ ပရိသတ်ကြီးအနေနဲ့လဲ ဆော့ကစားကြပြီး Stream တာတွေလဲ အများကြီးရှိပါတယ်။ နောက်ပိုင်းမှာတော့ Player တွေဟာ Mobile Game ကိုဖုန်းပေါ်မှာ မဆော့တော့ဘဲ EMU နဲ့ဆော့လာကြတာတွေလဲရှိပါတယ်။ တချို့တော့ အဲ့လိုဆော့တာကို မကြိုက်ပေမယ့် တချို့ကျတော့ ကြိုက်နှစ်သက်ကြပါတယ်။ Mobile Game ကို Mobile ပေါ်မှာဆော့တာပဲ ပိုကောင်းပါတယ်။ PC ပေါ်မှာဆော့ချင်ရင်တော့ PUBG Steam နဲ့ PUBG Lite ဆိုပြီး နှစ်ခုရှိကာ ပထမတစ်ခုက ပိုက်ဆံနဲ့ဝယ်ရတာဖြစ်ပြီး နောက်တစ်ခုက Free ကစားလို့ရပါတယ်။
Call Of Duty : Mobile
Call of Duty : Mobile ဟာဆိုရင်ပြီးခဲ့တဲ့နှစ် ၂၀၁၉ အောက်တိုဘာက ထွက်ရှိခဲ့တာဖြစ်ပြီး ကြေညာခဲ့တဲ့အချိန်တုန်းကလဲ ရေလှိုင်းကြီးတစ်ခုလို တိုက်ခဲ့ပါသေးတယ်။ ထွက်ထွက်ပြီး ၃ လအတွင်းမှာပဲ Download လုပ်တဲ့သူပေါင်း ၁၈၀မီလံယံကျော်ရှိခဲ့ပါတယ်။ COD ဆိုတာကလဲ အရင်ကတည်းက နာမည်တစ်ခုရထားပြီး မသိတဲ့သူမရှိလောက်အောင် ကျော်ကြားတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ Myanmar မှာဆိုရင်တော့ ဆော့ကစားတဲ့သူက PUBG လောက်မရှိပါဘူး။ ကမ္ဘာပေါ်မှာဆိုရင်တော့ သူမသာကိုယ်မသာပါပဲ။ ကိုယ်ကြိုက်တာကိုယ် လူတိုင်းကစားနိုင်တာပဲလေ .... PUBG လို့တောင် သူ့မှာ Cheater မရှိသလောက်နည်းပါတယ်။
သတင်းအရင်းမြစ် Omega
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။