မြန်မာဂုဏ်ဆောင်အောင်လအန်ဆန်ကတော့ နိုင်ငံရဲ့ ဂုဏ်ကို မြင့်တင်ပေးနေတဲ့ အားကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး မြန်မာတစ်နိုင်လုံးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။ အောင်လအန်ဆန်ကတော့ Fighters Only မဂ္ဂဇင်းရဲ့ World MMA Award ဆုပေးပွဲမှာ "International Fighter of the Year" ဆုအတွက်ဆန်ကာတင်စာရင်းမှာပြန်လည်ပါဝင်လာပါတယ်။အောင်လအန်ဆန်ကတော့ covid 19 ရောဂါပိုးကူးစက်ခဲ့တဲ့အကြောင်း မကြာခင်ရက်ပိုင်းက ပရိသတ်တွေထံ အသိပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

အောင်လအန်ဆန်ကတော့ ယခုမှာ covid 19 ရောဂါပိုးကူးစက်ခံရချိန်မှာတောင် ချွေးသံတရွှဲရွှဲကျတဲ့အထိ လေ့ကျင့်မှုပြုလုပ်နေပြီး ရောဂါပိုးကို တိုက်ထုတ်နေခဲ့ပါတယ်။ အောင်လအန်ဆန်ကတော့ " Sweating that covid-19 virus out of my system. Slowly but steadily we will get back stronger. Day by day... one day at a time. We are going to beat it." ဆိုပြီး အဆိုပါဗီဒီယိုဖိုင်လေးနဲ့ အတူ သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

အားပေးတဲ့ ပရိသတ်တွေအနေနဲ့ ပရိသတ်တွေအနေနဲ့ အောင်လအန်ဆန်တစ်ယောက် covid 19 ရောဂါပိုးအမြန်ဆုံးပျောက်ကင်းပါစေကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ဆုမွန်ကောင်းတောင်းပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မြန်မာဂုဏ်ဆောင်အောင်လအန်ဆန်ရဲ့ အပြင်းအထန်လေ့ကျင့်နေပြီး အားကစားပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာ ကြည့်နိုင်ပါတယ်။

source: Aung La Nsang(Burmese Python) 's facebook page

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။