ယနေ့အချိန်မှာဆိုရင် Battle Royal Game တွေက တော်တော်များများလေးကိုထွက်ရှိထားကြပါတယ်။ အဲ့ထဲက လူအသိများတာကတော့ PUBG ပဲဖြစ်ပါတယ်။ မြန်မာမှာတော့ PUBG ကထိပ်တန်းဆိုပေမယ့် တခြား နာမည်ကြီး BR Game တွေဖြစ်တဲ့ Call OF Duty : Warzone, Apex Legends နဲ့ Fortnite တို့လို ဆော့ကစားလို့ကောင်းတဲ့ Game တွေရှိပါသေးတယ်။ ခုဆိုရင်လဲ Ubisoft ကထပ်မံပြီး BR Game တစ်ခုဖြစ်ပြီး First Person Shooter ပုံစံနဲ့ပစ်ရမှာဖြစ်ပါတယ်။ 

Game နာမည်ကတော့ Hyper Scape ပဲဖြစ်ကာ Ubisoft ကထုတ်တာပဲဖြစ်ပါတယ်။ Ubisoft ဆိုတာ Assassin's Creed နဲ့ Watch Dog တို့လို နာမည်ကြီး လူကြိုက်များတဲ့ Game တွေထုတ်တဲ့ Game Company ကြီး တစ်ခုပဲဖြစ်ပါတယ်။ ခုလဲ Hyper Scape ဆိုတဲ့ FPS Game ကိုလဲ ထွက်ရှိဖို့ ကြေညာထားပါတယ်။ လောလောဆယ်မှာတော့ Test Version ကိုဆော့ကစားနိုင်ပြီး Facebook နဲ့ Twitch တို့မှာလဲ Stream တာကို တွေ့ရှိနိုင်ပါတယ်။ Game ကိုတော့ ဘယ်နေ့မှ ထွက်ရှိမယ်ဆိုတာကို မကြေညာသေးပါဘူး။ 

သတင်းအရင်းမြစ် Omega

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။