photo credit - liquipedia

Ninjas in Pyjamas dota 2 team ရဲ့ captain & po 5 player ဖြစ်သူ SoNNeikO ကတော့ သူ့အနေနဲ့ အသင်းကနေထွက်ခွာခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

SoNNeikO အနေနဲ့လည်း Ti 9 အပြီးမှာ သူ့ရဲ့အသင်းသစ် Chicken Fighters ကိုစတင်ဖွဲ့စည်းခဲ့ပြီး 2020 ခုနှစ် 4 လပိုင်း 22 ရက်နေ့မှာ သူ့ရဲ့အသင်းတစ်ခုလုံးကို NiP ကခေါ်ယူခဲ့တာကြောင့် NiP ကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။

SoNNeikO အနေနဲ့လည်း သူနဲ့အတူ 8 လနီးပါးလောက်ကစားလာတဲ့ players တွေကိုထားခဲ့ပြီး အသင်းကနေထွက်ခွာရတဲ့အကြောင်းကိုတော့ သေချာပြောပြထားခြင်းမရှိသေးပါဘူး ။

လက်ရှိကျန်ရှိနေတဲ့ NiP ရဲ့ dota 2 roster ကတော့

Po 1- CharlieDota

Po 2- Supream^

Po 3- SaveRLight-

Po 4- Era

တို့ပဲဖြစ်ပါတယ်။

source - SoNNeikO twitter account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။