ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာကျော် ပန်းချီကားတွေထဲကမှ လျှို့ဝှက်သင်္ကေတများနဲ့ ပတ်သက်ပြီး ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ထိုပန်းချီကားတွေထဲကမှ "Madonna with Saint Giovannino" အမည်ရှိတဲ့ ပန်းချီကားအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာရှင် လှုပ်ရှားမှုသတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပေးဖို့မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ဥရောပ အလယ်ခေတ် ပန်းချီဆရာတစ်ဦးဖြစ်သူ "ဒိုမန်နီကို ဂေလန်ဒါရို" ရေးဆွဲခဲ့တဲ့ ပန်းချီကားများအနက် "Madonna with Saint Giovannino" အမည်ရှိ ပန်းချီကားမှာ UFO လို့ခေါ်တဲ့ အမျိုးအမည်မသိ ယာဉ်တစ်မျိုးကို ထည့်သွင်း ရေးဆွဲထားကြောင်း တွေ့ရှိကြရပါတယ်။ ပန်းချီကားထဲမှာ ရေးဆွဲထားတဲ့ မေရီရဲ့ ဝဲဘက် ပခုံးအထက် ကောင်းကင်ပြင်မှာ စိတ်ဝင်စားဖွယ် ကောင်းတဲ့ သေးငယ်သော အပြားဝိုင်းတစ်ခုဟာ လေတွင် ပျံဝဲနေပုံကို ဖော်ပြထားပါတယ်။

photo credit pngtree

ထိုအပြားဟာ လင်းလက် တောက်ပနေပုံပေါ်နေကာ ထိုပစ္စည်းကို ပုံကြီးချဲ့ကြည့်ရာမှာ ပန်းချီဆရာက အနုစိတ် ခြယ်မှုန်းထားတာကို မြင်ကြရမှာပါ။ ပုံရဲ့လက်ယာဘက်မှာ ယာဘက်လက်ကို သူ့ရဲ့မျက်စိများ အထက်သို့မြှောက်ထားတဲ့ အမျိုးသား တစ်ယောက်ပုံကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ အမျိုးသားရဲ့ ဟန်ပန်အရ လေတွင်ပျံနေတဲ့ ဝတ္ထုဟာ အလွန်အမင်းတောက်ပနေတာကြောင့် သူ့ရဲ့ မျက်လုံးကို အလင်းရောင်မှ ကာကွယ်ခြင်းဖြစ်ကြောင်း ဖော်ညွှန်းလျက်ရှိပါတယ်။ ပန်းချီကားချပ်ရဲ့ လက်ဝဲဘက် အပေါ်ထောင့်မှာ နေလုံးကဲ့သို့သော အရာကိုလည်း မြင်တွေ့နိုင်မှာပါနော်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။