ပရိသတ်ကြီးရေ.....တိရိစ္ဆာန်တွေရဲ့ ထူးခြားဖွယ် ပင်ကိုယ်စွမ်းရည်တွေဟာ တစ်ကယ့်ကို အံ့အားသင့်ဖွယ် ကောင်းလှပါတယ်နော်။ ဆင်ကြီးတွေရဲ့ မုန်တိုင်းအာရုံခံ စနစ်ကောင်းပုံကို သိသွားမယ်ဆိုရင် ပိုပြီးတောင် အံ့သြသွားမှာ ဖြစ်ပါတယ်။ ကြီးမားသော နားရွက်များရှိတဲ့ ဆင်တွေဟာ အခြားသတ္တဝါများထက် အကြားအာရုံပိုမို ထူးခြားကောင်းမွန်တယ်လို့ ယူဆနိုင်ပါတယ်။ တစ်ခါ တစ်ရံ ဆင်တွေဟာ တစ်နေရာရာသို့သွားနေရာမှ အကြောင်းပြချက်မရှိဘဲ ရုတ်တရက် လမ်းကြောင်း ပြောင်းသွားတတ်တာတို တွေ့ဖူးကြပါလိမ့်မယ်။

photo credit pngtree

လေ့လာဆန်းစစ်မှုတွေအရ ဆင်တွေဟာ မိုင် ၁၅၀ အဝေးမှ ချဉ်းကပ်လာနေတဲ့ မုန်တိုင်းကို အာရုံခံကာ သိရှိနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ ဆင်တို့ရဲ့ တစ်မူထူးခြားသော စွမ်းရည်ကို နမ်မီးဘီးယားနိုင်ငံသို့ ဆင်များပြောင်းရွေ့ ဝင်ရောက်လာတဲ့အခါမှ သိရှိခဲ့ပါတယ်။ ဆင် များဟာ လူများ အကြားအာရုံတွင် လက်ခံနိုင်တဲ့ အသံလှိုင်းကြိမ်နှုန်းအောက် များစွာနိမ့်တဲ့ ကြိမ်နှုန်းကို ကြားနိုင်ကြကာ ထိုစွမ်းရည်ကို တစ်ကောင်နှင့် တစ်ကောင် ဆက်သွယ်ရန် အသုံးပြုကြပါတယ်။ ထိုသို့ ကြိမ်နှုန်းနိမ့် သော အသံကို မိုးကြိုးမုန်တိုင်းများတွင် တွေ့ရှိနိုင်တာ ဖြစ်ပါတယ်။

photo credit pngtree

မတူညီသော အုပ်စုများရှိ ဆင်ကိုးကောင်ရဲ့ လှုပ်ရှားမှုများကို GPS စနစ်ဖြင့် ခုနစ်နှစ်ကြာ လေ့လာမှုပြုခဲ့ပြီးနောက် ဆင်တွေဟာ မိုးရာသီတွင် သွားလာနေရာမှ ရုတ်တရက် လမ်းကြောင်း ပြောင်းလေ့ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ မိုင်ပေါင်းရာချီဝေးကွာတဲ့ အရပ်မှ မုန်တိုင်း ကြောင့် ဆင်တွေရဲ့ လှုပ်ရှားမှုကို လေ့လာနိုင်ခဲ့တာကြောင့် ဘယ်အချိန် ၊ ဘယ်နေရာမှာ ဘာကြောင့် ပြောင်းရွှေ့ ကြကြောင်း သိရှိခဲ့ရပါတယ်။ ထိုတွေ့ရှိမှုက အာဖရိက ဆင်များ ထိန်းသိမ်းစောင့်ရှောက်မှုကို များစွာ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန" ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။