ကမ္ဘာတစ်လွှားရှိ ထူးခြားဆန်းပြားသော မြို့ပြတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Colma"မြို့အကြောင်းကို တင်ဆက်ပေးသွားမှာပါ။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Colma မြို့ဟာ လူအရှင်တွေထက် လူအသေများ ပိုမိုနေထိုင်တဲ့ မြို့ဖြစ်ပါတယ်။ ထိုမြို့မှာ နေထိုင်သူ သက်ရှိ လူသားဦးရေဟာ ၁၅၀၀ သာရှိပြီး သက်မဲ့ လူသားများအရေအတွက်ဟာ တစ်သန်းခွဲဖြစ်ပါတယ်။ ခရစ်နှစ် ၁၈၄၉ ခုနှစ်မှာ အမေရိကန်နိုင်ငံက ရွှေရှာဖွေတဲ့ လုပ်ငန်းများ ထွန်းကားခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက Colma မြို့သို့ ဆန်ဖရန်စစ္စကိုမှ လူထောင်ပေါင်းများစွာ ဝင်ရောက်လာခဲ့ကြပါတယ်။

photo credit pngtree

ထိုမြို့ဟာ ရောဂါမျိုးစုံကို သယ်ဆောင်လာခဲ့ကြသဖြင့် မြို့တွင် လူ အသေအပျာက်အလွန် များပြားခဲ့ပါတယ်။ ၁၈၈၀ ပြည့်နှစ်မှာ Colma မြို့တွင် သုသာန် ၂၆ ခုထားရှိခဲ့ရပါတယ်။ ၁၈၈၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ သင်္ချိုင်းမြေပိုင်ရှင်တွေဟာ လူသေမြှုပ်နှံတဲ့ လုပ်ငန်းမှ အလွယ်တကူ ငွေရရှိသဖြင့် Colma မြို့ တောင်ပိုင်းတွင် သင်္ချိုင်းကုန်းများကို ထပ်မံ တည်ဆောက်ခဲ့ကြပါတယ်။ ဆန်ဖရန်စစ္စကို ပြည်နယ်အစိုးရဟာ ၁၉၀၀ ပြည့်နှစ်၊ မတ်လတွင် ဆန်ဖရန်စစ္စမြို့ရဲ့ မြေများကို လူသေများမြှုပ်နှံရန် သုသာန်အဖြစ်အသုံးပြုခြင်းဟာ တန်ဖိုး ကြီးမြင့်လွန်းနေတယ်လို့ဆိုကာ ဆန်ဖရန်စစ္စကိုတွင် လူသေများ မြှုပ်နှံခွင့်ခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။

photo credit pngtree

၁၉၁၄ ခုနှစ် ဇန်နဝါရီလမှာတော့ Colma မြို့မှ သင်္ချိုင်း မြေပိုင်ရှင်တွေအား ဆန်ဖရန်စစ္စကို မြို့တွင် မြှုပ်နှံထားတဲ့ ရုပ်အလောင်းများအားလုံးကို ဖယ်ရှားရန် အမိန့်ထုတ်ခဲ့ပါတယ်။ သို့သော် သင်္ချိုင်းမြေပိုင်ရှင်များက ဆန်ဖရန်စစ္စကိုတွင် မြေဈေးများ ကြီးမြင့်လာခြင်းကြောင့် ထိုနေရာမှာ သင်္ချိုင်းများ မထားလိုတော့တာ ဖြစ်ကြောင်း ယူဆဲ့ပါတယ်။ Colma မြို့မှ သင်္ချိုင်း ပိုင်ရှင်များဟာ ဆန်ဖရန်စစ္စကိုမှ ရုပ်အလောင်းများ အားလုံးကို တူးဖော်ပြီး Colma မြို့သို့ ပြောင်းရွှေ့ မြှုပ်နှံခဲ့ရာ မြို့ရဲ့ ၇၃ ရာခိုင်နှုန်းဟာ သင်္ချိုင်းမြေတွေ ဖြစ်လာခဲ့ပါတယ်။

soure မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။