ကမ္ဘာတစ်လွှား ထူးခြားဆန်းပြားဖွယ် ပျောက်ကွယ်ခဲ့သော လူများထဲတွင် "Charles Horvath" ဆိုသူဟာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ ထိုသူဟာ အင်္ဂလန်နိုင်ငံမှ အသက် ၂၀ အရွယ်ရှိသူဖြစ်ပြီး ၁၉၈၉ ခုနှစ်မှာ ကနေဒါသို့ ကားကြုံစီးပြီး လအတော်အတန်ကြာ ခရီးထွက်ခဲ့ပါတယ်။ မေလ ၁၁ ရက်နေ့မှာတော့ ဗြိတိသျှ ကိုလံဘီယာပြည်နယ်သို့ ရောက်ရှိခဲ့ပြီး ယာယီ တဲတစ်လုံးထိုးကာ နေထိုင်ခဲ့ပါတယ်။ ထို့နောက် မိခင်ထံသို့ အသက် ၂၁ မွေးနေ့မှာ ဟောင်ကောင်တွင် ဆုံမှာဖြစ်ကြောင်း စာတစ်စောင်ကို fax ဖြင့် ပို့ခဲ့ပါတယ်။

photo credit pngtree

ထိုစာ ပို့ပြီးခဲ့တဲ့နောက်မှာ လ အတော်အတန်ကြာတဲ့အထိ သားဖြစ်သူထံမှ သတင်းမကြားရတာကြောင့် မိခင်ဖြစ်သူက စိတ်ပူကာ သားကို ရှာဖွေရန် ဗြိတိသျှ ကိုလံဘီယာ ပြည်နယ်သို့ လိုက်လာခဲ့ပါတယ်။ ထို့နောက် သားဖြစ်သူရဲ့ ယာယီတဲမှာ အသုံးအဆောင် ပစ္စည်းတွေကို တွေ့ရှိခဲ့သော်လည်း "Charles Horvath"ကတော့ ပျောက်ဆုံးနေခဲ့ပါတယ်။ ထို့ကြောင့် မိခင်ဖြစ်သူက လူပျောက်ကြေညာကပ်ကာ လူအများသိရှိအောင် ပြုလုပ်ခဲ့ပြီး တည်းခိုတဲ့ ဟိုတယ်သို့ ပြန်ရောက်လာချိန်မှာတော့ စာတစ်စောင် ရောက်ရှိနေခဲ့ပါတယ်။

photo credit pngtree

ထိုစာမှာ မေလ ၂၆ ရက်နေ့မှာ "Charles"ကို တွေ့ရှိခဲ့ကြောင်း၊ ပါတီပွဲတစ်ခု ကျင်းပနေစဉ် "Charles"ကို လူနှစ်ယောက်က လာခေါ်သွားကြောင်း၊ Charles ဟာ သေဆုံးသွားခဲ့ပြီး သူ့ရဲ့ အလောင်းဟာ တံတားအနီး ရေကန်မှာ ရှိနေကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့်မလို့ အမေဖြစ်သူက စာမှာပါရှိတဲ့ ရေကန်မှာ သားဖြစ်သူရဲ့ အလောင်းကို သွားရောက် ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ပါဘူး။ ရဲများက ထပ်မံရှာဖွေခဲ့ရာမှာ အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ပါတယ်။ ပထမကတော့ ထိုအလောင်းကို " Charles"ဆိုပြီး ထင်မြင် ယူဆခဲ့ပါတယ်။ သို့သော် နောက်ပိုင်းမှာတော့ ထိုအလောင်းဟာ "Charles" မဟုတ်ဘဲ ဒေသခံတစ်ဦးရဲ့ ရုပ်အလောင်းဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ရာ "Charles"ရဲ့ ပျောက်ဆုံးမှုကိုတော့ ၂၅ နှစ်ကြာတဲ့အထိ ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိပါဘူးနော်...။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။