ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှား ထူးခြားအံ့သြဖွယ် တည်ဆောက်ထားခဲ့သော မြို့ရွာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "The Star-Shaped Village" ကြယ်ပုံစံ မြို့ရွာလေးအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံမှာ တည်ရှိတဲ့ ကြယ်ပုံစံ တည်ဆောက်ထားသော ကျေးရွာဟာ လက်နက်များဖြင့် ကာရံထားသော ဝင်္ကပါပုံစံ နင်ဂျာဌာန တစ်ခုလို မြင်တွေ့ရမှာပါ။ ဥရောပ အလယ်ခေတ် ခံတပ်ဟောင်း တစ်ခုဖြစ်သော "Fort Bourtange"ရဲ့ အောက်မှာ တည်ရှိတာပါ။ ထိုကျေးရွာဟာ ရာစုနှစ်ပေါင်းများစွာက တည်ခဲ့သော ပုံဖြစ်နေကာ ဓားသွားများနှင့်တူညီနေပါတယ်။

photo credit pngtree

Bourtange ခံတပ်ကို ၁၅၉၃ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြိး ၁၈၅၁ ခုနှစ်မှာ ဖျက်သိမ်းခဲ့ပြီး နောက်မှာတော့ အဆောက်အအုံ အနည်းငယ် ကျန်ရှိ နေခဲ့တာပါ။ ထိုကျန်ရှိနေတဲ့ အဆောက်အအုံများဟာလည်း "Bourtange" မြို့ဟူပြီး တစ်ဖြည်းဖြည်း ဖြစ်လာခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်များမှာတော့ မြို့နေသူများဟာ ခံတပ်ရဲ့ အရိပ်က မြို့ပေါ်သို့ ထိုးနေသဖြင့် ခံတပ်ကို ပြန်လည် တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ ကြယ်ပုံစံ မြို့ကြီးမှာ အခြားထူးခြားတဲ့ အချက်တွေလည်း ကျန်ရှိနေပါသေးတယ်။

photo credit pngtree

အဲ့ဒါတွေကတော့ ရေလမ်းကြောင်းများကို ပြန်လည်တူးဖော်ပြီး စစ်တန်းလျားတွေကို မူလအနေအထားသို့ ပြန်လည်ပြုပြင်ခဲ့ပါတယ်။ ကြယ်ပုံစံဖြစ်အောင် မြို့ကို ပြန်လည် တည်ဆောက်ပြီးနောက် တစ်ချိန်က ခံတပ်ဟာ လေယာဉ်ပေါ်မှ ကြည့်ရှုရန် အတွက်သာ ဖြစ်လာခဲ့ပါတယ်။ မြို့သို့ ရောက်ရှိလာကြသူများဟာ ခရီးရှည်တစ်ခုကို သွားနိုင်ကြပြီး လေရဟတ်များရှိနေတာကြောင့် အသုံး အဆောင်ပစ္စည်းများနည်းပါးတဲ့ ခေတ်တစ်ခုသို့ မုခ်ဦးပေါက်မှ ဝင်ရောက်သလို ဖြစ်နေပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။