၃ ရက်အတွင်း ၁ဝပေါင်ကျစေမယ့် Diet Plan

မင်္ဂလာဆောင်ပွဲတွေ အလှူပွဲတွေ နီးလာပြီဆိုတော့ အလျင်အမြန် ၀ိတ်ကျဖို့ လိုနေပြီလား? ဒါဆိုရင်တော့ ရက်တို Diet Plan လေးတွေနဲ့ အစားအစာတွေကို စနစ်တကျစားပြီး ၀ိတ်ချလိုက်ပါ။ အခု ပြောပြမယ့် Diet Plan ကတော့ ၂၀၀၇ ခုနှစ်မှာ အရမ်းခေတ်စားခဲ့တဲ့ Military Diet ပါ။ ကမ္ဘာတစ်ဝှမ်းက လူပေါင်းများစွာ ပြုလုပ်ခဲ့ကြပြီး အောင်မြင်ခဲ့တဲ့ Diet Plan တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ Plan ကို ပုံစံတူ လုပ်တဲ့ Plan တွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒါကတော့ မူရင်း Diet Plan ပါ။ ဘာကွာခြားခဲဆိုရင်တော့ ကျတဲ့ ကိုယ်အလေးချိန် မတူပါဘူး။ ကဲ..Diet Plan မလုပ်ခင် ဘာတွေ သိသင့်သလဲ ဆိုတာ အရင်ဦးဆုံး ပြောပြပါမယ်။ ပြီးရင် တစ်ရက်ချင်း စားရမယ့် အစီအစဉ်တွေကို ရေးသွားမှာပါ။

ဆရာဝန်ရဲ့ အကြံပြုချက်

သင် Diet လုပ်တော့မယ်ဆိုရင် ဆရာဝန်ရဲ့ ခွင့်ပြုချက် ရယူတာ အကောင်းဆုံးပါပဲ။ အခု အကျဉ်းချုပ်ပြောပြမယ့် အကြောင်းအရာတွေကို ဖတ်ပြီး ကိုယ်နဲ့ သင့်တော် မတော် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဘာတွေ ကြုံတွေ့ရမလဲ

Diet Plan လုပ်တဲ့အခါ မလွယ်ကူတဲ့ အတွက် မမျှော်လင့်ထားတဲ့ အရာတွေ တွေ့ကြုံရတတ်ပါတယ်။ ပထမဦးဆုံး Diet Plan အတိုင်း အတိအကျ လိုက်နာပါ။ တစ်နေ့ကို ကယ်လိုရီ တွက်ပြီး စားတဲ့ အခါ Plan အတိုင်း မစားဘဲ စိတ်မနိုင်လို့ အခြားဟာတွေ စားခဲ့ရင် ဘာမှမထူးပါဘူး။ ဒီPlan မှာ ပါတဲ့ အစားအစာတွေဟာ စွမ်းအင်တွေ ပေးပြီး အစာချေ စနစ်ရဲ့ ပံ့ပိုးမှုကို ကောင်းကောင်း အလုပ်လုပ်ဖို့ အတွက် စီစဉ်ထားပါတယ်။ ဒါကြောင့် အဆီတွေကို ကောင်းကောင်း လောင်ကျွမ်းစေဖို့ အတွက် တာဝန်ယူပါတယ်။

ပထမဆုံးနေ့ မနက်မှာ ကိုယ်ရဲ့ အလေးချိန်ကို ချိန်ထားပါ။ ဒါပေမယ့် သုံးရက်မပြီးခင်အထိတော့ ထပ်မချိန်ပါနဲ့။ ကိုယ်ရဲ့ခါးတွေ လက်တွေရဲ့ အတိုင်းအတာတွေကို မှတ်ထားပါ။ စိတ်ကို အကောင်းဆုံးြ ပင်ဆင်ပြီး ပထမနေ့ကို စတင်ပါ။ အတိအကျ လိုက်နာခဲ့ရင် ၃ရက်အတွင်းမှာ ၁ဝပေါင် ကျစေပါတယ်။ အချို့က ပြောကြပါတယ် ၁ဝထက် ပိုကျတယ် ၁ဝမကျဘူး ၅ပေါင်လောက်ပဲ ကျတယ်လို့ ပြောကြပါတယ်။ တစ်ယောက်နဲ့တ စ်ယောက် အချိုးအစား ဖွဲ့စည်းပုံ မတူတဲ့ အတွက် ကျတဲ့အလေးချိန်ဟာလည်း တူညီမှာမ ဟုတ်ကြောင်း သိထားဖို့ လိုပါတယ်။ သူများက အများကြီးကျပြီး ကိုယ်မကျရင် စိတ်ဓာတ်မကျဖို့ ကြိုတင်စိတ်သွင်းထားပါ။

သတိပြုရမယ့် အချက်ကတော့ ၃ရက် စားပြီးရင်တော့ ပုံမှန်အတိုင်းပြန်စားပေးပါ။ အစာအိမ်ဟာ ကျုံ့သွားတဲ့အတွက် အများကြီး စားမိမှာ မဟုတ်တော့ပါဘူး။ ဒါလေးကို ဆက်ပြီးထိန်းထားရင် ကိုယ်အလေးချိန် ထိန်းပြီးသား ဖြစ်ပါလိမ့်မယ်။ ၃ရက်ထက် ပိုပြီးတော့ Diet Plan ကို မစားပါနဲ့။ ဒီ Plan ကို ပြန်စချင်တယ်ဆိုရင်တော့ ၄ရက်ခြားပြီးမှ ပြန်စားပေးပါ။ တစ်လအတွင်း ၃ရက်စား ၄ရက်နားနဲ့ လုပ်ပေးမယ်ဆိုရင် ပေါင် ၃၀-၄၀ အတွင်းကျနိုင်ပါတယ်။ ဒါပေမယ့် အရင်ဦးဆုံး ပြောသလို ဆရာဝန်ရဲ့ အကြံပြုချက်ကိုတော့ ရယူထားးပါ။

Plan အတွင်း မုန့်ပဲသရေစာတွေကို ပြောထားတဲ့ အတိုင်းပဲ စားပေးပါ။ အခြားအရာတွေ မစားမိပါစေနဲ့။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။