တစ်နေ့ကို နှစ်မိနစ်လောက်သာ အချိန်ပေးရုံနဲ့ သွယ်လျလှပတဲ့ မေးစေ့ချွန်ချွန်လေးကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

၁။ The Scoop

ဒီလေ့ကျင့်ခန်းပုံစံကတော့ ပါးစပ်ကိုဟ နှုတ်ခမ်းအောက်ပိုင်းကို အောက်သွားနဲ့ကုတ်ယူထားရတဲ့ပုံစံမျိုးဖြစ်ပါတယ်။ မေးရိုးအောက်ပိုင်းကိုအားသုံးပြီးလုပ်ရတာဖြစ်ပြီး စက္ကန့်အနည်းငယ်ကြာထားပြီး တစ်နေ့ကို ငါးကြိမ်ကနေ ခုနစ်ကြိမ်ထိလုပ်သင့်ပါတယ်၊ 

၂။ Touch your nose

မေးစေ့နှစ်ထပ်ဖြစ်ခြင်းဟာ hyoid muscles အားနည်းခြင်းနဲ့လဲ သက်ဆိုင်ပါတယ်။ ဒါကြောင့်မို့ ဒီလေ့ကျင့်ခန်းမှာတော့ သင့်လျှာကို အဆုံးထိ ထုတ်နိုင်သလောက်ထုတ်ပြီး လျှာအဖျားနဲ့ နှာခေါင်းကို ထိနိုင်အောင်ကြိုးစားကြည့်ပါ။ တစ်ခါလုပ်ရင် ငါးကြိမ်ဆက်တိုက် လုပ်သင့်ပါတယ်။

၃။ ပြီးပြည့်စုံတဲ့ ဘဲဥပုံမျက်နှာအလှတရား

ငယ်ရွယ်ပြီး ဘဲဥပုံမျက်နှာပြန်ရနိုင်စေဖို့်အတွက်တော့ ဒီလေ့ကျင့်ခန်းက အသင့်တော်ဆုံးပါ။ သင့်ရဲ့မျက်နှာကို ဘယ်ဘက်နဲ့ညာဘက် တစ်လှည့်စီစောင်းပြီး အောက်မေးရိုးကို အရှေ့ဘက်ဆီ ထုတ်နိုင်သလောက် ထုတ်ထားရမှာဖြစ်ပါတယ်။ ဒီလိုလုပ်နေတဲ့အချိန်မှာ လည်ပင်းဘေးဘက်ကြွက်သားတွေတင်းနေတာကိုခံစားရမှာဖြစ်ပါတယ်။ တစ်ခါလုပ်ရင် ဘယ်ဘက်ကို ၅ကြိမ်၊ ညာဘက်ကို ၅ကြိမ်စီလုပ်သင့်ပါတယ်။ 

၄။ Kiss the giraffe

ဒီနည်းကတော့ မေးစေ့နှစ်ထပ်ကိုဖယ်ရှားရာမှာ အထိရောက်ဆုံးနဲ့ အထင်ရှားဆုံးနည်းနှစ်နည်းဖြစ်ပါတယ်။ သူကတော့ မေးစေ့ကို အမြင့်ဆုံးတတ်နိုင်သလောက်မော့ချပြီး နှုတ်ခမ်းကို စူထားပါ။ အများဆုံး ၈စက္ကန့်လောက်လုပ်ပြီး ၅ကြိမ်ထိလုပ်ပေးပါ။

၅။ အပြုံး

ဒီနည်းကတော့ ပထမဆုံးသွားကိုတင်းတင်းစေ့ပြီးနောက် နှုတ်ခမ်းကိုလဲ အစွန်ဆုံးထိရောက်အောင်ပြုံးနိုင်သမျှပြုံးပါ။ ပြီးရင်တော့ လျှာကို အပေါ်သွားဖုံးနံရံထိအောင်တွန်းပါ၊ မေးစေ့နေရာမှာ ခပ်တင်းတင်းခံစားလာရပြီဆိုရင်တော့ သင့်လုပ်ပုံလုပ်နည်းမှန်ပါတယ်။ 

သတင်းအရင်းမြစ် Brightside

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။