သင့်ချစ်သူနဲ့ဖြစ်ဖြစ်၊ သင့်အိမ်ထောင်ဖက်နဲ့ဖြစ်ဖြစ် ချစ်တင်းနှောတိုင်း စိုးရိမ်နေမိတာတစ်ခုတော့ရှိမှာပါ။ ဆေးသောက်တာနဲ့ ကွန်ဒုံးသုံးတဲ့နည်းအပြင် တခြားနည်းတွေရှိနေနိုင်သေးတယ်ဆိုတာ သင်သိပါသလား။

ကွန်ဒုံးသုံးနည်း

ဘာဆေးမှ မသောက်ချင် ကိုယ်ဝန်လည်း မလိုချင်ဆိုရင်တော့ ကွန်ဒုံးကို သုံးဖြစ်အောင် သုံးပေးမှ ရပါလိမ့်မယ်နော်။ ကွန်ဒုံးက သင့်ကို ကိုယ်ဝန်ရခြင်းအပါအဝင် တခြားလိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေက ကာကွယ်ပေးမှာပါ။ ကွန်ဒုံးသုံးနေစဉ်အတွင်း ကွန်ဒုံးပေါက်ပြဲတယ်ဆိုတာဟာ အင်မတန်ရှားတဲ့ဖြစ်စဉ်တစ်ခုဖြစ်တဲ့အတွက် စိတ်ချရတဲ့နည်းလမ်းတွေထဲမှာပါပါတယ်။ အမျိုးသားအင်္ဂါကို အမျိုးသမီးအင်္ဂါထဲ မထည့်ခင်ကတည်းက ကွန်ဒုံးသေချာစွပ်ပါ။

ရက်တွက်နည်း

ရက်တွက်နည်းကို မြန်မာမိန်းကလေးတွေ တော်တော် အသုံးပြုကြပါတယ်။ ရက်တွက်နည်းဆိုတာက မိန်းကလေးဘက်က ဓမ္မတာမလာခင် ရရက်နဲ့ ဓမ္မတာလာပြီး ရရက်တို့မှာ ချစ်တင်းနှောတာကို ဆိုလိုပါတယ်။ ဒီနည်းလမ်းက ကိုယ်ဝန်မရနိုင်ပါဘူး။ ဒါပေမယ့် မိန်းကလေးကတော့ ဓမ္မတာစက်ဝန်းမှန်သူ (လစဉ်ဓမ္မတာလာရက်မှန်သူ)တော့ ဖြစ်ရပါလိမ့်မယ်။ အဲဒီလိုမဟုတ်ပဲ ဓမ္မတာမမှန်သူဖြစ်ခဲ့မယ်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ချေရှိပါတယ်။

Pull Out နည်း

ဒါနည်းကလည်း အတော်အသုံးများပါတယ်။ ယောက်ျားလေးဘက်က စိတ်ဆန္ဒပြီးမြောက်ခါနီးမှာ မိန်းကလေးအင်္ဂါအတွင်း မပြီးပဲ အပြင်ထုတ်လိုက်တဲ့နည်းလမ်းပါပဲ။ စုံတွဲတော်တော်များများသုံးပါတယ်။ ဒါပေမယ့် ဒီနည်းဟာ ရာခိုင်နှုန်းပြည့် စိတ်မချရပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ယောက်ျားလေးတွေ စိတ်ဆန္ဒပြင်းပြချိန်မှာ ကနဦးစိမ့်ထွက်တဲ့ အရည်ကြည်အဆင့်မှာတင် Sperm တွေ ပါဝင်နိုင်လို့ပဲ ဖြစ်ပါတယ်။

ဓမ္မတာလာစဉ်ဆက်ဆံနည်း

ဒါကတော့ အသုံးရှားပါတယ်။ ဘယ်သူမှ ဓမ္မတာလာစဉ် ချစ်တင်းမနှောချင်ပါဘူး။ လူတိုင်းတော့ မဟုတ်ပါဘူး။ ဒီနည်းကလည်း ကိုယ်ဝန်မရစေပါဘူးနော်။ မိန်းကလေးတွေ ရာသီလာချိန်ဟာ မျိုးဥကြွေနေပြီဖြစ်တာကြောင့် ကိုယ်ဝန်မဆောင်တော့သလို ယောက်ျားလေးတွေရဲ့ Sperm ဟာလည်း အများဆုံး သုံးလေးရက်သာ ရှင်သန်နိုင်တာမို့လို့ စိတ်ချရတဲ့နည်းလမ်းပါ။

သတင်းအရင်းမြစ် MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။