အိမ်သာတက်တာနဲ့ပတ်သတ်ပြီး သင့်ကိုယ်သင်ကျူးလွန်နေတဲ့ အန္တရာယ်များတဲ့ အမှားကြီးတွေကို သတိထားဖို့လိုမယ်နော်။

(၁) အချိန်အကြာကြီးယူခြင်း

ငါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် တန်းသိတဲ့သူတွေရှိပါတယ်။ သိနေတယ်လေ။ အိမ်သာထဲမှာ မနက် မနက် အချိန်အကြာကြီးယူတာ ဘယ်သူတွေလဲ။ တကယ်တမ်းကော အချိန်အကြာကြီးယူတာမကောင်းပါဘူး။ အတွေးများနေတာပဲဖြစ်ဖြစ်၊ ကိစ္စပြီးတာနဲ့မထနိုင်သေးဘဲ ဆက်ထိုင်နေမိတာတွေက လိပ်ခေါင်းရောဂါအထိဖြစ်သွားစေနိုင်ပါတယ်။

(၂) အချိန်ဖြုန်းခြင်း

အိမ်သာဝင်ဖို့ အချိန်အကြာကြီးယူတာနဲ့ အိမ်သာထဲမှာ အချိန်ဖြုန်းတာနဲ့ မတူပါဘူးနော်။ အိမ်သာထဲမှာ အချိန်ဖြုန်းတယ်ဆိုတာက အိမ်သာဝင်ရင်း Facebook သုံးတာတွေ၊ စာအုပ်ဖတ်တာတွေကို ဆိုလိုချင်တာပါ။ ဒါက လူတိုင်းအတွက် အမိုက်ဆုံးအချိန်ပဲဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် မှားနေတဲ့ အလေ့အထတစ်ခုလို့ ပြောပါရစေ။ Facebook သုံးတာတွေ၊ စာအုပ်ဖတ်တာတွေက အိမ်သာဝင်ချိန် ၁ဝမိနစ်လောက်နဲ့ ပြီးစီးနိုင်တဲ့ကိစ္စလည်း မဟုတ်တဲ့အပြင် အိမ်သာထဲမှာ ရှိတဲ့ မမြင်ရတဲ့ ဘတ်တီးရီးယားတွေ သင့်ရဲ့အသုံးအဆောင်ပစ္စည်းတွေမှာ ကပ်ပါလာတာကို သင်သိရမှာမဟုတ်ပါဘူး။

(၃) အတင်းအကျပ်လုပ်ယူခြင်း

အိမ်သာဝင်ဖို့ အတင်းအကျပ်လုပ်ယူတာကလည်း အယူအဆမှားတစ်ခုပါပဲ။ အထူးသဖြင့် ခရီးသွားစရာရှိတဲ့အခါမျိုးတွေ၊ Jumpsuit ဝတ်ပြီးဧည့်ခံပွဲသွားစရာရှိတဲ့အခါမျိုးတွေမှာ မိန်းကလေးတွေအနေနဲ့ အိမ်သာဝင်ချင်စိတ်မရှိပေမယ့် အခုဝင်လိုက်မှ လမ်းခရီးမှာဝင်ချင်စိတ်မရှိမှာဆိုတဲ့အတွေးမျိုးနဲ့ အတင်းအကျပ်လုပ်ယူတာကို လုံးဝမလုပ်ပါနဲ့နော်။ ကလေးမွေးသလို အတင်းညှစ်တာမျိုးက သင့်ကို အဆင်ပြေအောင်လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ အဲဒီလိုလုပ်တာထက်တော့ ရေများများသောက်ပြီး ၁၅မိနစ်ကျော်အောင် လမ်းလျှောက်လိုက်တာ ဒါမှမဟုတ် ဆေးလိပ်သောက်လိုက်တာကမှ သင့်ကိုအိမ်သာဝင်ချင်အောင် အကူအညီပေးပါလိမ့်မယ်။

(၄) မှားယွင်းစွာထိုင်ခြင်း

ဒါကလည်း အရေးကြီးပါတယ်။ အိမ်သာထိုင်တဲ့ပုံစံပါပဲ။ ဘိုထိုင်အိမ်သာတွေကို ထိုင်တဲ့အခါလည်း ခါးကိုမတ်မတ်ထားပြီး ထိုင်ခုံမှာထိုင်တဲ့ပုံစံအတိုင်း ခြေထောက်နှစ်ချောင်းအောက်ချလို့ထိုင်ရပါလိမ့်မယ်။ အရမ်းအိပ်ချင်နေလို့ဆိုတဲ့အကြောင်းပြချင်ကြောင့်ပဲဖြစ်ဖြစ် အိမ်သာနံရံတွေကို မှီပြီး ငိုက်လျက်ထိုင်တာမျိုးတွေ၊ အိမ်သာခွက်ပေါ်ခြေထောက်တင်ပြီး ဆောင့်ကြောင့်ထိုင်တာမျိုးတွေက သင့်ကိုယ်ခန္ဒာအနေအထားကို သက်တောင့်သက်သာမဖြစ်စေသလို အခန့်မသင့်ရင် သင့်ကိုထိခိုက်ဒဏ်ရာပါရရှိနိုင်တယ်လို့ ဆိုပါတယ်။

(၅) အနောက်မှအရှေ့သို့ ဆေးခြင်း

ဒါကတော့ တော်တော်သတိထားရမယ့်ကိစ္စပါနော်။ အိမ်သာဝင်ပြီးလို့ ဆေးကြောသန့်စင်တဲ့အခါ အနောက်ကနေ အရှေ့ကို ပွတ်တိုက်ဆေးကြောတာကို လုံးဝလုံးဝ တားမြစ်ချင်ပါတယ်။ ဒါဟာ ရောဂါပိုးကို လက်ယက်ခေါ်နေတာပါပဲ။ အထူးသဖြင့် မိန်းကလေးတွေအနေနဲလည်း စအိုဘက်ကနေ မျိုးပွားအင်္ဂါဆီကို အနောက်ကနေ အရှေ့ ပွတ်တိုက်ဆေးကြောခြင်းကို လုံးဝရှောင်ပေးရပါမယ်နော်။

သတင်းအရင်းမြစ် MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။