ယနေ့ခေတ်မှာ လူကြီးတွေမှ မဟုတ် ကလေးငယ်လေးတွေတောင် မျက်စိအားနည်းတာကြောင့်ဖြစ်စေ အဝေးမှုန် အနီးမှုန်ကြောင့်ဖြစ်စေ ပါဝါမျိုးစုံနဲ့ မျက်မှန်တပ်နေကြရပါတယ်။ ကဲ ဒါဆို မျက်စိပါဝါ တဖြည်းဖြည်းလျော့လာပြီး မျက်မှန်မတပ်ရတော့အောင် ဘယ်လိုလုပ်မလည်း ဆိုတဲ့ နည်းလမ်းလေးတွေပြောပြပေးပါရစေ။

တကယ်တော့ မျက်စိပါဝါ ကျဖို့ဆိုတာ တော်တော်ခက်ခဲတယ်။ လူငယ်အများစုက အဝေးမှုန်သမားတွေ ဖြစ်ကြတယ်။ ဂိမ်း၊ တီဗွီ၊ ကွန်ပျူတာစတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့အကျိုးဆက်ဆိုလည်း မမှားပါ။ ဒီဖက်ခေတ် အွန်လိုင်းနဲ့ ဖေ့စ်ဘွတ်အလွန်အကျွံခေတ်စားလာတာလည်း မီးလောင်ရာ လေပင့်ဆိုသလို ပိုဆိုးလာစေတယ်။ အထူးသဖြင့် ဖုန်းနဲ့စာကြည့်တာ မျက်စိကို ပိုထိခိုက်စေတယ်။ အခု ဒီဆောင်းပါးမှာ မျက်စိပါဝါ ကျစေဖို့ သာမက ရှောင်ရန်အချက်တွေကိုပါ တခါတည်း ပြောပြသွားမှာ ဖြစ်ပါတယ်။

မျက်စိပါဝါချချင်ဖို့ မျက်စိကို ကောင်းကောင်းအနားပေးဖို့ လိုပါတယ်။ ဖုန်း၊ကွန်ပျူတာ၊ တီဗွီ screenကထွက်တဲ့ အလင်းစူးစူးတွေ ကြည့်လို့မရပါ။ ကွန်ပျူတာ ဖုန်းအကြည့်များသူတွေအနေနဲ့ brightness အလင်းကို တတ်နိုင်သမျှလျှော့ချဖို့ လိုပါတယ်။ အလင်းစူးစူးတွေက မျက်စိကြွက်သားကို ပိုကျုံ့စေတာကြောင့် ပါဝါတက်လာတတ်တယ်။တချို့အွန်လိုင်းစာမျက်နှာတွေမှာ နေကသိုဏ်းရှုဖို့ ပြောတာမျိုး ရှိတယ်။ တကယ်က နေရောင်အပါအဝင် ဘယ်အလင်းစူးစူးကိုမှ စိုက်ကြည့်တာမျိုး မလုပ်သင့်ဘူး။ အဲလိုပြုလုပ်ခြင်းက အတွင်းတိမ်(cataract)ဖြစ်စေရုံမက macular degeneration ခေါ်တဲ့ မျက်စိအမြင်အာရုံကို တဖြည်းဖြည်း ပျက်စီးစေနိုင်တယ်။ အပြင်သွားတဲ့အခါလည်း UVA and UVB rays 99% နဲ့ 100% ကြား ကာကွယ်တဲ့ မျက်မှန်မျိုး တပ်ထားရမယ်။

အိပ်ရေးမဝတာကလည်း မျက်စိ ကိုထိခိုက်စေတဲ့ အကြောင်းတခုဖြစ်တယ်။ ဒါ့ကြောင့် အိပ်ချိန်ကောင်းကောင်းပေးဖို့လိုတယ်။ နောက်တခုက စိတ်ဖိစီးမှုပါ။ စိတ်ဖိစီးမှုက ဇီဝကမ္မပြောင်းလဲစေရုံသာမက မျက်စိကြွက်သားတင်းပြီး မျက်စိ ပါဝါ တက်လာစေတယ်။ စိတ်ရော မျက်စိကိုရော အနားပေးပါ။ မျက်စိသဘောက ဆယ်မိနစ်တခါအနားပေးရပါတယ်။ ဒီနေရာမှာ မျက်စိအထူးကု Arun Sethi ပြောတဲ့ အကြံပြုချက်လေးက သိပ်ကောင်းတယ်။ ဒီနေ့ခေတ် လူငယ်တွေဟာ ကွန်ပျူတာ၊ဖုန်းစတဲ့ လျှပ်စစ်ပစ္စည်းတွေ အလုပ်တွေကြားကရုန်းမထွက်နိုင်ကြဘူးတဲ့။ အဲဒီအတွက် အကောင်းဆုံးအကြံပေးချင်တာက တခုတည်းပါ။ မျက်စိအားစိုက်ရတဲ့ အလုပ်မျိုးမှာ ခေါင်းငုံ့ ခေါင်းမော့ လေ့ကျင့်ခန်းလေး အကြိမ်နှစ်ဆယ်လောက် လုပ်ပေးပါတဲ့။ ဒီလေ့ကျင့်ခန်းက မျက်စိနဲ့ လည်ပင်းကို သွေးလျှောက်အားကောင်းစေပြီး မျက်စိပါဝါချရာမှာ အထောက်ကူပြုပါတယ်။

READ မောင်မောင်အေး မှ ယခုနှစ်သင်္ကြန်ကို ဝေဖန်တဲ့စာ

မျက်စိအနားပေးတဲ့အခါ rule of 20 ဆိုတဲ့ ဥပဒေသတခု ရှိတယ်။ ဒီဥပဒေသအရ သင်ဟာ အာရုံစူးစိုက်ရတဲ့ အရာတခုကို အချိန်ကြာ ကြည့်မယ်ဆ်ိုရင် မိနစ်နှစ်ဆယ်ပြည့်တိုင်း ပေ (၂၀) မှာရှိတဲ့ ပစ္စည်းတခုကို စက္ကန့်(၂၀)ကြာ ကြည့်ပေးပါတဲ့။ ဆိုလိုချင်တာက မိနစ် (၂၀)တခါ ခပ်လှမ်းလှမ်းက အရာဝတ္တုကို စက္ကန့်(၂၀) ကြည့်ပြီး အကြောဖြေရမှာဖြစ်ပါတယ်။ ဒီနည်းက အမြင်အာရုံကို သိသိသာသာတိုးတက်လာစေတယ်။

နောက်အရေးကြီးတဲ့တချက်က မျက်စိ ရေဓာတ်အားဖြည့်ဖ်ို့ ဖြစ်တယ်။ ရေဓာတ်ခမ်းခြောက်မှုက မျက်စိခြောက်ကပ်တာ၊ မျက်လုံးဝါးတာဖြစိနိုင်တယ်။ အစိုဓာတ်ပြည့်ဝနေဖို့ ရေများများသောက်သင့်တယ်။ ဒီနေရာမှာ အများစု မှားနေတာလေးတခုကို ဖော်ပြပါရစေ မနက် အိပ်ရာထထချင်း မျက်နှာကို အရင်ဆုံးသစ်တာ မျက်စိအတွက်တော့ လုံးဝမကောင်းဘူး။ တကယ် လုပ်သင့်တာက ပါးစပ်ထဲရေတလုပ်အရင်ငုံလိုက်၊ နောက်ပြီးမှ မျက်လုံးကို ဖွင့်ပြီး ရေနဲ့ပက်ဖြန်းရမှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် မျက်စိကို အေးမြစေတယ်။ အအေးဓာတ်က တင်းရင်းနေတဲ့ မျက်စိကြွက်သားကို ပြေလျှော့စေတာမို့ မျက်စိပါဝါကျဆင်းလာနိုင်တယ်လို့ ဆိုတယ်။ ဒီအလေ့အကျင့်မျိုးကို မနက်အိပ်ရာထတိုင်းလုပ်ဖို့ လိုပါတယ်။

မျက်စိ ပါဝါ ကျဖို့ လေ့ကျင့်ခန်း တွေ ရှိပါတယ်။ eye relaxation exerciseလို့ ခေါ်တယ်။ အရင်ဆုံး မိမိလက်ဖဝါးနှစ်ဖက်ကို ပူလာအောင် အချင်းချင်းပွတ်ပါ။ ပြီးရင် မျက်စိကိုပိတ်ပြီး ပူလာတဲ့လက်ဖဝါးကို မျက်လုံးပေါ်ဖိတင်ထားပါ။ စိတ်ထဲက မျကိစိကြွက်သားတွေ လျှော့နေပြီလို့ ကိုယ့်ဘာသာ သဘောထားပါ။ ဒီလေ့ကျင့်ခန်းမျိူးက အချိန်မပေးနိုင်ဘူးဆိုတဲ့ အိုင်တီသမားတွေ၊ကွန်ပျူတာရှေ့ နာရီပေါင်းများစွာ ထိုင်နေသူတွေအတွက် အလွန် ကောင်းပါတယ်။ စာရေးတဲ့အခါ ကျတော်ကိုယ်တိုင် ဒီလိုအလေ့အကျင့်လုပ်ထားတယ်။

မျက်မှန်သမား တွေ တကယ်လုပ်ရမယ့် လေ့ကျင့်ခန်း က အခုမှပြောမှာပါ။ လေ့ကျင့်ခန်း က သိပ်မခက်ပါ။ မျက်လုံးကို အထက်အောက်၊ဘယ်ညာ ကစားပေးရမှာဖြစ်တယ်။ အဲလိုလုပ်ဖို့ အရင်ဆုံး မျက်လုံးကို အပေါ်လှန်ကြည့်ပါ။ပြီးရင် နာရီလက်တံလည်သလို စက်ဝိုင်းပုံဖြည်းဖြည်းချင်း လှည့်ပြီး ကစားပါ။ (၁၀) ကြိမ်ရအောင် အရင်လုပ်ပါ။ ပြီးရင် အပေါ်ကိုကြည့်ပြီး နာရီလက်တံပြောင်းပြန် လားရာအတိုင်း မျက်လုံးကို လှည့်ကစားပါ။ (၁၀)ကြိမ်ပဲ လုပ်ရမှာဖြစ်တယ်။ ပါဝါသိပ်မတက်သေးသူတွေအနေနဲ့ မျက်မှန်တချိန်လုံး တပ်မထားသင့်ပါ။ သဘာဝအမြင်ကိုလည်း အားကိုးသင့်တယ်။အဆိုပါအချက်က မျက်မှန်ပါဝါသမားတွေ မကြာခဏမေးလေ့ရှိတဲ့ အမြဲတပ်ထားရမှာလား မေးခွန်း အတွက် အဖြေလည်းဖြစ်နေပြန်တယ်။ တခါတရံ မျက်မှန်ချွတ်ထားသင့်တယ်။

READ အပူ ဆုံးနှစ် ၂၀၁၆ ဖြစ်ဟု မိုးလေဝသပညာရှင် ပြော

ဆက်ပြောမှာက အစားအသောက် ရွေးချယ်မှုပါ။ မျက်စိလည်း အာဟာရဓာတ်ပြည့်ဝဖို့ လိုပါတယ်။ Vitamin A, Vitamin C, lutein နဲ့ beta carotene ကြွယ်ဝတာတွေက မျက်စိ အားကောင်းစေတယ်။ ငါးကြီးဆီ၊ သင်္ဘောသီး၊ ထောပတ်၊ ဖရုံ၊ တရုတ်ဇီးသီး နဲ့ စပျစ်သီး များများစားပါ။ ဝါတဲ့ နီတဲ့ သစ်သီးများများစားရမယ်။ ခါကြက်ဥ(မုန်လာဥနီ)ထဲမှာ မျက်စိအားကောင်းစေတဲ့ beta-carotene ဆိုတဲ့ဓာတ်ပါတယ်။ ခါကြက်ဥ များများစားပါ။ ဖျော်ရည်လည်း လုပ်သောက်နိုင်တယ်။ အာနိသင်ကတော့ အစိမ်းလိုက်ဝါးစားတာလောက် မကောင်းပါ။ အခွံမာသီးနဲ့ ငါးအဆီမှာ Omega 3 ဆိုတဲ့ဓာတ် ပါတယ်။ အိုမီဂါသရီးက အသက်အရွယ်ကြောင့်ဖြစ်တဲ့ မျက်စိ မှုန်တာအတွက် ကောင်းပါတယ်။ ဘယ်ရီသီးတွေက သွေးလည်ပတ်မှုအားကောင်းစေတယ်။ မျက်စိ သွေးလျှောက်မှုက ပါဝါကျနိုင်တယ်။ ပါဝါ သမားတွေ ရှောင်ရမှာက ချိုတာတွေဖြစ်ပါတယ်။ သကြားဓာတ်က မြင်လွှာကို ပိုမိုပျက်ဆီးစေတယ်။ ဒါ့ကြောင့် အဆာပြေမုန့်ပဲသွားရေစာ၊ ဆီကြော်စာ၊ အာလူးကြော်၊ ကွတ်ကီးတွေ ရှောင်ပါ။ ဆေးလိပ်၊ အရက်က လုံးဝမသောက်ပါနဲ့။

မျက်စိ ပါဝါ ကျစေတဲ့ အိမ်သုံးနည်း က သခွားသီးကပ်တာဖြစ်ပါတယ်။ ညအိပ်ခါနီးတိုင်း ရေခဲသေတ္တာ ထဲထည့်ထားတဲ့ သခွားသီးကို ပါးပါးလှီးပြီး မျက်လုံးပေါ်တင်အိပ်ပါ။ အေးတဲ့ဓာတ်က မျက်စိကြွက်သားပြေလျှော့စေပြီး မနက်ပိုင်း အိပ်ရာထမှာ မျက်လုံး ကို ကြည်လင်နေမှာ ဖြစ်ပါတယ်။ အနှစ်ချုပ်လိုက်ရင် မျက်စိ အားကောင်းစေဖိုု့ အစားအသောက်ရွေးချယ်တတ်ရမှာဖြစ်ပြီး မျက်စိ လေ့ကျင့်ခန်း လုပ်ဖိုု့ဖြစ်ပါတယ်။ အထူးသဖြင့် နေ့စဉ် ကြက်ဥတလုံး၊ ချဉ်တဲ့သစ်သီးတမျိုးမျိုး (သံပုရာသီး၊လိမ္မော်သီး၊ရှောက်သီး)၊ မုန်လာဥနီတတောင့်နဲ့ စပျစ်သီးတတွဲ စားပေးခြင်းအားဖြင့် မျက်စိပါဝါသိသိသာသာကျဆင်းလာတာ တွေ့ရမှာ ဖြစ်တယ်။

Source: Health Knowledge

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။