နှစ်ပတ်အတွင်း အသားဖြူလာအောင် သဘာဝနည်းလမ်းလေးတွေနဲ ့ဘယ်လိုလုပ်မလဲ

ပရိသတ်ကြီးရေ အကြောင်းအမျိုးမျိုးကြောင့် အသားအရည်ညိုသွားခဲ့လို ့ပြန်လည်ဖြူစင်စေချင်တယ်ဆိုရင်တော့ သဘာဝနည်းလမ်းကောင်းလေးတွေ

ရှိပါတယ်။ ပထမနည်းလမ်းလေးကတော့ ညိုနေတဲ့ လက်တွေနဲ ့ခြေတွေအတွက်ဖြစ်ပါတယ်။ ဒီနည်းလမ်းလေးမှာ ဒိန်ချဉ်ကို အသုံးပြုပေးရပါမယ်။

သန် ့စင်တဲ့ ဂွမ်းကို သုံးပြီး ဒိန်ချဉ်ကို အရေပြားပေါ်ကို လိမ်းပေးပါ ။၁၅ မိနစ်ကြာတဲ့အခါမှာ ရေခပ်နွေးနွေးနဲ ့ပြန်ဆေးပေးပါ။ ညစဉ် ပြုလုပ်ပေးရင်

ရက်အနည်းငယ်အတွင်းမှာ အသားအရေ သိသာစွာဖြူစင်လာစေပါတယ်။

ဒုတိယနည်းလမ်းလေးကတော့ မျက်နှာနဲ့ လည်ပင်းအတွက်ဖြစ်ပါတယ်။ နနွင်းလက်တစ်ဆိတ်စာကို လိမ္မော်ရည် ထမင်းစားဇွန်း ၂ ဇွန်းနဲ ့ရောပြီး

ခပ်ပျစ်ပျစ်ဖျော်ပေးပါ။ မအိပ်ခင် မျက်နှာနဲ ့လည်ပင်းကို လိမ်းပြီး နာရီဝက်ကြာရင် ရေအေးအေးနဲ ့ပြန်လည်သန် ့စင်ပါ။ ဒီနည်းလမ်းလေးကလည်း

သိသိသာသာဖြူလာစေတဲ့ နည်းဖြစ်ပါတယ်။ နနွင်းက အသားဖြူစေပြီး လိမ္မော်ရည်မှာပါတဲ့ ဗီတာမင်စီက ကိုလာဂျင်ထုတ်လုပ်မှုကို အားပေးတဲ့အတွက် အသားအရေကို တင်းရင်းစေပါတယ်။

ပရိသတ်ကြီးလည်း ဒီလွယ်ကူရိုးရှင်းတဲ့နည်းလမ်းလေးတွေနဲ ့ညိုနေတဲ့အသားအရေကို ပြန်လည်ပြုပြင်နိုင်ပါတယ်နော်။ 

Source: Dr. Aye Min Htoo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။