အဆိုတော်မိစန္ဒီကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားပြီး အောင်မြင်နေတဲ့ ထိပ်တန်းအဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ကိုယ်ပိုင်သီချင်းလေးတွေ မြူးမြူးကြွကြွသီချင်းလေးတွေနဲ့ ပရိသတ်တွေရင်ထဲကို ဝင်ရောက်ထားနိုင်တဲ့ သူမကတော့ သီချင်းသစ်လေး ထွက်ရှိဖို့ကြိုးစားနေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။  

photo credit : Mi Sandi 's facebook page
photo credit : Mi Sandi 's facebook page

သူမကတော့ ယခုမှာ မွန်အမျိုးသားနေ့ပွဲက ပုံလေးတွေကို ကြည့်ပြီး ပျော်ရွှင်နေရတဲ့ အကြောင်းကို ပြောပြလာခဲ့ပါတယ်။ သူမကတော့ " မွန်မလေး မိစန္ဒီမင်းဉာဏ် ငယ်ငယ်တုန်းကပေါ့..ဒယ်ဒီ father ပါးပါးဖေဖေက ချီထားတာပေါ့.. သူကတော့ ပဲအပြည့်နဲ့ pose ပေးနေတာပေါ့နော် "ဆိုပြီး ငယ်ဘဝပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : Mi Sandi 's facebook page
photo credit : Mi Sandi 's facebook page

သူမကတော့ " ဒီနှစ် မွန်အမျိုးသားနေ့ပွဲတွေကို tour သွားနေလို့ ခါတိုင်းနှစ်တွေလို မပါဝင် ဆင်နွှဲလိုက်ပေမယ့် news feed မှာ တက်တက်လာတဲ့ မွန်အမျိုးသားနေ့ပွဲတွေက ပုံလေးတွေ ကြည့်ပြီး မွန်တမျိုးသားလုံးအတွက် ပျော်ရွှင်ရပါတယ်..Happy 73rd Mon National Day မိစန္ဒီတို့ မွန်လူမျိုးတွေရော မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုး အားလုံးရော အမြဲ ငြိမ်းချမ်းပျော်ရွှင်ပါစေနော် " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

source  : Mi Sandi 's facebook page 

photo credit : Mi Sandi 's facebook page
photo credit : Mi Sandi 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။