နေ့စဉ်နဲ့အမျှ လူတွေနဲ့ ဆက်ဆံရတဲ့အခါ မိမိရဲ့ ခံတွင်းနံ့ဆိုးဝါးနေရင် မိမိကိုယ်ကို ယုံကြည်မှုကင်းစေသလို တပါးသူအတွက်လည်း စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ ဒါ့ကြောင့်မို့ ခံတွင်းနံ့မကောင်းတာတွေကို ဖယ်ရှားဖို့အတွက် နည်းလမ်းကောင်းလေးတွေ မျှဝေပေးချင်ပါတယ်။

၁။ အစာစားပြီးတိုင်း သွားတိုက်ပေးပါ။ ဖြစ်နိုင်ရင် မနက်တစ်ကြိမ် ညတစ်ကြိမ် သွားတိုက်ပါ။

၂။ သွားတိုက်တံကို ၂ လတစ်ကြိမ်လဲသုံးပါ။

၃။ သွားကိုသာမက မိမိလျှာကိုလည်း သန့်စင်ပေးပါ။ သွားတိုက်တဲ့အခါ လျှာပွတ်တံဖြင့်ဖြစ်စေ ဇွန်းဖြင့်ဖြစ်စေ တိုက်ပေးပါ။

၄။ အရမ်းဆိုးရွားနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။

ကဲ သူငယ်ချင်းတို့ရေ ခံတွင်းန့ံနံတယ်ဆိုပြီး စိတ်မညစ်နဲ့နော်။အထက်ကနည်းလေးတွေအတိုင်း လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်.......

Source: Health tip

Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။