သရက်သီးစားခြင်းက ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

အသီးမှာ ဘုရင်လို ့တင်စားရမယ့် သရက်သီးဟာ အရသာလည်းကောင်းမွန်လှသလို ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးအများကြီး ရှိပါတယ်။

သရက်သီးစားခြင်းက ကျန်းမာရေးအတွက် ဘယ်လိုမျိုးအထောက်အပံ့ပေးနို်င်လဲဆိုတာကို ဖေါ်ပြပေးလိုက်ပါတယ်။

(၁) ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်

လေ့လာတွေ ့ရှိချက်တွေအရ သရက်သီးမှာ ပါဝင်တဲ့ ဓါတ်တိုးဆန် ့ကျင်ဂုဏ်သတ္တိတွေက အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ လူကီးမီးယားသွေးကင်ဆာ

နဲ ့ဆီးကျိတ်ကင်ဆာတို ့ဖြစ်ပွားခြင်းကနေ ကာကွယ်ပေးပါတယ်။

(၂) ကိုလက်စထရောကို ကျစေတယ်

သရက်သီးမှာ အမျှင်ဓါတ် နဲ ့ဗီတာမင် စီ ပါဝင်မှုမြင့်မားတဲ့အတွက် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို ကျဆင်းစေပါတယ်။

(၃)အသားအရေကို ကြည်လင်လှပစေတယ်

အသားအရေလှပဖို ့အတွက် သရက်သီးကို စားပေးနိုင်သလို ချွေးပေါက်ပိတ်ဆို ့မှုကို ကြည်လင်စေပြီး ဝက်ခြံကင်းစင်စေဖို ့အတွက်တော့ သရက်သီးမှည့်ကို အရေပြားပေါ်လိမ်းပေးနိုင်ပါတယ်။

(၄) အမြင်အာရုံကောင်းမွန်စေပါတယ်

သရက်သီးစိတ်တစ်ခွက်စာကို စားသုံးပေးခြင်းဖြင် ့တစ်နေ ့တာ လိုအပ်တဲ့ ဗီတာမင်အေ ၂၅ ရာခိုင်နှုန်းကိုရရှိစေနိုင်ပါတယ်။ ဒီလိုစားပေးခြင်းကြောင့်

ညဘက်မျက်စိမမြင်ခြင်း နဲ ့မျက်စိခြောက်သွေ ့ခြင်းတို ့မဖြစ်အောင် ကာကွယ်ပေးနိုင်သလို အမြင်အာရုံကို ကောင်းမွန်စေဖို ့လည်း ့အကူအညီပေးပါတယ်။

(၅) ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းပေးပါတယ်

သရက်သီးမှာ ပါဝင်တဲ့ တာတာရစ်အက်ဆစ်၊ မဲလ်လစ်အက်ဆစ်နဲ ့ဆစ်ထရစ်အက်ဆစ်တွေဟာ ခန္ဓာကိုယ်ဟန်ချက်ထိန်းနိုင်စေဖို ့အကူအညီပေးပါတယ်။

(၆)ဆီးချိုရောဂါအတွက်လည်း စားပေးသင့်ပါတယ်

ဆီးချိုရောဂါရှိသူများဟာ သွေးတွင်းသကြားဓါတ်ထိန်းချုပ်မှုကောင်းနေချိန်မှာ သရက်သီးကို စားပေးခြင်းဖြင့် သွေးထဲက အင်ဆူလင်အဆင့်ကို

ပုံမှန်ဖြစ်စေနိုင်ပါတယ်။

(၇) အိမ်ထောင်မှုသုခပြည့်ဝစေတဲ့ အသီး

ဗီတာမင်အီးပါဝင်မှုမြင့်မားတဲ့ သရက်သီးကို စားသုံးပေးခြင်းကြောင့် အိမ်ထောင်ရှင်တွေအကြား လိင်ဆန္ဒကို ကောင်းမွန်စေနို်င်ပါတယ်။

(၈) အစာကြေညက်စေဖို ့ကူညီပေးပါတယ်

သရက်သီးမှာပါတဲ့ ပရိုတင်းဓါတ်ကို ချေဖက်ပေးတဲ့ အင်ဇိုင်းကြောင့် အစာကြေညက်စေတဲ့အပြင် အမျှင်ဓါတ်ပါဝင်မှုကြောင့်လည်း ဝမ်းမှန်စေပါတယ်။

(၉) ခန္ဓာကိုယ်အပူဓါတ်လျော့ကျစေပါတယ်

ခန္ဓာကိုယ်အပူဓါတ်လျော့ကျစေဖို ့နဲ ့ ခန္ဓာကိုယ်ထိခိုက်မှုမဖြစ်စေဖို ့အတွက် သရက်သီးဖျော်ရည်ကို သောက်သုံးပေးသင့်ပါတယ်။

အဲ့လိုသောက်သုံးပေးခြင်းကြောင့် ကြွက်သားတွေကိုသန်စွမ်းစေပြီး ကျောက်ကပ်ကနေ အဆိပ်အတောက်တွေကို စွန် ့ထုတ်စေပါတယ်။

(၁၀) ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို ့စားသုံးသင့်ပါတယ်

ဗီတာမင်အေ၊ ဗီတာမင်စီများစွာ နဲ ့ကာရိုတီနွိုက်ပါဝင်တဲ့ သရက်သီးကို စားပေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

Source: Care2 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။