သွားလေးတွေ ဖြူစင်လှပစေဖို ့အတွက် ဆောင်ရန် ရှောင်ရန်များ

ပရိသတ်ကြီးရေ သွားလေးတွေ ဝါနေတဲ့ အခါမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဖြစ်စေနိုင်ပါတယ်နော် ဖြူဖွေးတဲ့ သွားလေးတွေဟာ လှပတဲ့ အပြုံးလေးတွေ

ဖြစ်စေဖို ့အထောက်အပံ့ပေးနိုင်တဲ့အတွက်သွားတွေဖြူစင်စေဖို ့ ဆောင်သင့် ရှောင်သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်…

သွားဖြူစေရန် ဆောင်သင့်သည့်အချက်များ

-အက်ဆစ်ဓါတ်များပြီး အရောင်စွန်းထင်းလွယ်စေတဲ့ အစာတွေစားပြီးတဲ့အခါတိုင်း နာရီဝက်ကြာလျှင်သွားတိုက်ပေးပါ ။

-အညစ်အကြေးတွေ ကပ်ငြိနေနိုင်တဲ့ လျှာကြောင့်လည်း သွားအရောင်ပြောင်းလဲစေနိုင်တဲ့အတွက် သွားတွေ ဖြူစင်လိုပါက လျှာကိုပါ တိုက်ပေးဖို ့

လိုပါတယ်။

-သွားနဲ ့ခံတွင်း ကျန်းမာသန် ့စင်စေဖို ့အတွက် အက်ဆစ်ဂုဏ်သတ္တိရှိတဲ့ ရှလကာရည်နဲ ့ပလုတ်ကျင်းပြီး ပုံမှန်အတိုင်းသွားတိုက်ပေးပါ တစ်လကို တစ်ကြိမ် ပြုလုပ်ပေးပါက သွားလေးတွေကို ဖြူလာစေပါတယ်။

-အရောင်ချွတ်ဆေးသဖွယ်သုံးနိုင်တဲ့ ပန်းသီးကလည်း သွားတွေကို ဖြူစင်စေနိုင်ပါတယ် ဒါ့အပြင် မုန်လာဥနီ တရုတ်နံနံ နဲ ့ပန်းဂေါ်ဖီပွင့်တွေကို စားပေးပါက သွားတွေကို ညင်ညင်သာသာပွတ်တိုက်ပေးသလိုဖြစ်တဲ့အတွက် သွားဖြူစေဖို ့အထောက်အကူပေးပါတယ်။

-အက်ဆစ်ဓါတ်ပါတဲ့ ချဉ်တဲ့ သစ်သီးတွေကို စားပြီးတိုင်း ရေချက်ချင်းသောက်တာကလည်း သွားတွေကို ဖြူစင်စေနို်င်ပါတယ်။

သွားဖြူစေရန် ရှောင်သင့်သည့်အချက်များ

-တန်နင်ဓါတ်ပါတဲ့ ဝိုင်နီဟာ သွားတွေကို ဝါပြီး အညိုရောင်စွန်းထင်းစေပါတယ်။

-အရောင်ရင့်တဲ့ ကော်ဖီတွေ လက်ဖက်ရည်ပြင်းပြင်းတွေ သောက်ပြီးချိန်မှာလည်းသွားတွေ ဝါတတ်ပါတယ်။

-ဗီတာမင်နဲ ့တခြားသက်ရှည်စေတဲ့ အာဟာရဓါတ်တွေ ပါဝင်တဲ့ ဘလူးဘယ်ရီ ဘလက်ဘယ်ရီ အစရှိတဲ့ ဘယ်ရီသီးအနွှယ်ဝင် သစ်သီးတွေဟာလည်း အရောင်စွန်းထင်းမှုများတဲ့အတွက် သွားကြွေလွှာကို အရောင်ထင်စေပါတယ်။

-ကိုလာနဲ ့ဆော်ဒါအေးအေးလေးတွေကို သောက်သုံးခြင်းတွေဟာလည်း အလွန်ပူတဲ့ကော်ဖီ လက်ဖက်ရည်သောက်သလိုမျိုးပဲ သွားတွေမှာ

ကပ်ညှိမှုများစေပြီး အရောင်စွန်းထင်းစေနိုင်ပါတယ်။

-ဗီတာမင်နဲ ့သတ္တုဓါတ်အပြည့်အဝပါတဲ့ အနီရင့်ရောင်ရှိတဲ့ ဥနီကို စားသုံးခြင်းကလည်း သွားတွေကို စွန်းထင်းစေတာမို ့ စားပြီးတိုင်းမှာ ပလုတ်ကျင်းခြင်း သို ့မဟုတ် သွားတိုက်ခြင်းကို ပြုလုပ်ပေးသင့်ပါတယ်။

-အက်ဆစ်ဓါတ်လွန်ကဲတဲ့ ခရမ်းချဉ်သီး ဆော့စ်ကို စားသုံးခြင်းကလည်း သွားတွေကို အရောင်ရင့်စေနို်င်ပါတယ်။

ပရိသတ်ကြီးကလည်း ဆောင်သင့် ရှောင်သင့်တဲ့ အချက်လေးတွေအတိုင်း လိုက်နာကျင့်သုံးပေးမယ်ဆိုရင် ဖြူစင်လှပတဲ့သွားလေးတွေကို ပိုင်ဆိုင်နို်င်မှာပါနော်။  

Source: Healthy Life

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။