ဆယ်မိနစ်အတွင်း ဆားဝက်ခြံတွေကို ဘယ်လိုဖျောက်မလဲ

ပရိသတ်ကြီးရေ…ဆားဝက်ခြံတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်နေမယ်ဆိုရင်တော့ အခုပြောပြမယ့်နည်းလမ်းလေးနဲ ့ဆားဝက်ခြံလေးတွေ ဖယ်ရှားကြည့်ပါနော်…အသုံးပြုရတာလည်း လွယ်ကူပြီး ပါဝင်ပစ္စည်းကလည်း ၂ မျိုးတည်းဖြစ်ပါတယ်။ နွားနို် ့တစ်ဇွန်းနဲ ့ကျောက်ကျောမှုန့် တစ်ဇွန်းကို ဆတူရောစပ်ပြီး

ဖန်ခွက်တစ်ခုထဲကို ထည့်ကာ သမအောင်မွှေပေးပါ။ မိုက်ခရိုဝေ့ဖ်မီးဖိုရှိပါက microwave ထဲမှာ ၁၀ စက္ကန် ့လောက် ထားပါ (အပူချိန်ကို အလယ်အလတ်

အဆင့်မှာ ထားဖို ့လိုပါတယ်)။ ၁၀ စက္ကန် ့ပြည့်လျှင် အပြင်ထုတ်ပြီး အအေးခံထားပါ ရရှိလာတဲ့ အရော (paste) ကို မျက်နှာပေါ်က ဆားဝက်ခြံရှိတဲ့ နေရာတွေမှာ မိတ်ကပ်လိမ်းတဲ့ စုတ်တံနဲ ့သေချာလိမ်းပေးပါ။ ခြောက်အောင်ခဏထားပြီး ၁၀ မိနစ်ကြာလျှင် ကပ်နေတာတွေကို ခွာချပေးပါ။ဒါဆိုရင်တော့ ဆားဝက်ခြံ

ကင်းစင်ပြီး ဖြူစင်ဝင်းပတဲ့ မျက်နှာကို အချိန်တိုအတွင်းမှာ တွေ ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီနည်းလမ်းလေးကို အသုံးပြုပြီးတော့ Blackheads တွေကို နှုတ်ဆက်လိုက်ရအောင်နော်…

Source: Dr.Aye Min Htoo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။