အခုခေတ် နွေရာသီပူပြင်းတဲ့ အချိန်အခါမှာ မိခင်တွေအစားမှားလို့ဖြစ်စေ ကလေးတွေကိုယ်တိုင် အစားမှားလို့ုဖြစ်စေ ဝမ်းလျောတဲ့အခါ ဘာလုပ်ရမလည်းဆိုတာနဲ့ ပတ်သတ်ပြီး ကျန်းမာရေးဗဟုသုတအနေနဲ့ ပြောပြပေးပါမယ်နော်.....

ရုတ်တရက် ဝမ်းလျှောခြင်းသည် ပိုးမွှားအမျိုးမျိုးကြောင့်ဖြစ်သည်။

အဖျား အန်ခြင်း ဗိုက်နာခြင်း အစာမစားခြင်း လက္ခဏာများတွဲရှိနိုင်သည်။

၃ရက်မှ ၁၀ ရက်ထိ ကြာသည်။ တတ်ကျွမ်းသော ဆရာဝန်မညွှန်ပဲ ဆေးမတိုက်ပါနှင့်။ ဝမ်းပိတ်ဆေး ပြေးမဝယ်ပါနှင့်။ မလိုပါ။ ဝမ်းပိတ်ဆေးတိုက်လျှင် ဝမ်းထဲက ပိုးက အူအပြင်ထွက်မသွားနိုင်ဘဲ ရောဂါရှည်ကြာလိမ့်မည်။ ကလေးကိုယ်ခံအားက ပိုးကို နိုင်အောင်တိုက်ဖို့ ကြိုးစားမည်။ အချို့အခြေအနေများတွင် ပိုးသတ်ဆေးလိုသည်။ ဆရာဝန်နှင့်ဆွေးနွေးပါ။

ဝမ်းလျှောသောကလေးကို သေစေနိုင်သော အဓိက အကြောင်းရင်းက ဆေးမတိုက်၍ မဟုတ်ဘဲ သေးမထွက်၍ ဖြစ်သည်။ သေးထွက်စရာမရှိလောက်အောင် ရေဓာတ်ဆုံးရှုံးနေ၍ ဖြစ်သည်။

***ထို့ကြောင့် ရေဖြည့်ပေးပါ။***

မိခင်နို့စို့သောကလေးကို အကြိမ်ရေ ပိုတိုက်ပါ။ နို့ဗူးတိုက်လျှင် ဓာတ်ဆားရည် တိုက်ပါ။ နို့ဗူးကို အကြိမ်နည်းနည်းနှင့် မကြာခဏတိုက်ပါ။ ကလေးကြီးများကို ဓာတ်ဆားရည်တိုက်ပါ။ သန့်စင်သော အစာ အားလုံးစား၍ ရသည်။

လူကြီးများက ကလေး သေးခံ ဝမ်းခံ အနှီး လဲတိုင်း လက်ကို ဆပ်ပြာနှင့် သေချာဆေးပါ။ နို့ဗူး ကိုင်တွယ်သောလက် ရောဂါပိုး ကင်းစင်ပါစေ။

အောက်ပါ အချက်များရှိလျှင် ကလေးဆေးရုံသွားပါ

၁/ တစ်နေ့ ၈-၁၀ ကြိမ်ထက် သွားလျှင်

၂/ အန်လွန်း၍ အရည် ဓာတ် မဝင်လျှင်

၃/ ကလေး ဘာမှ မသောက်လျှင်

၄/ ကလေး သေးမထွက်ပဲ ခြေလက် အေးစက်ပြီး မျက်တွင်းချိုင့်ဝင်လျှင်

၅/ ဝမ်းထဲ သွေးပါလျှင်

၆/ အစိမ်းရောင် အန်လျှင်

ကဲ မေမေတို့ရေ သားသားမီးမီးလေးတွေကို သေချာဂရုစိုက်ကြပါနော်.......

Source: Child Health Myanmar

Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။