အမည်းစက်တွေကို သဘာဝနည်းလမ်းလေးတွေနဲ ့ဘယ်လိုထိထိရောက်ရောက်ကုသမလဲ

အမည်းစက်ဖြစ်ပေါ်ရခြင်းဟာ အကြောင်းအမျိုးမျိုးရှိတတ်ပါတယ် ။

အသက်အရွယ်ကြီးရင့်ခြင်း ၊ ပဋိဇီဝပိုးသတ်ဆေးတွေ သောက်သုံးခြင်း ၊ ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ ့မှုများခြင်း ၊ ကိုယ်ဝန်ရှိခြင်း ၊ အသည်းရောဂါ

ခံစားနေရခြင်း အစရှိတဲ့ အကြောင်းအရာတွေကြောင့် အရေပြားမှာ ရောင်ခြည်ပစ္စည်းထွက်လာကာ အမည်းစက်ထင်လာရခြင်းဖြစ်ပါတယ် ။

အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ချင်တဲ့သူများအတွက် အမည်းစက်တွေကို သဘာဝနည်းအတိုင်း ထိထိရောက်ရောက်ဖယ်ရှားဖို ့အတွက် ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးတွေရှိပါတယ် ။

ပထမဆုံးအနေနဲ ့ကတော့ ပက်ပိန်းအင်ဇိုင်းအစွမ်းရှိတဲ့ သဘောင်္သီးပဲဖြစ်ပါတယ် ။

ကြိတ်ချေထားတဲ့ သဘောင်္သီးမှည့်ကို အမည်းစက်ရှိတဲ့ နေရာပေါ်သုတ်လိမ်းပြီး အချိန်အနည်းငယ်ကြာတဲ့အခါ ရေအေးနဲ ့ဆေးချပေးရမှာဖြစ်ပါတယ် ။

တစ်ပတ်ကို ၃-၄ကြိမ် လုပ်ပေးပါက အရေပြားဆဲလ်သေတွေကို ကင်းစင်စေတဲ့ ပက်ပိန်းအင်ဇိုင်းအစွမ်းကြောင့် အမည်းစက်တွေ အရောင်ဖျော့သွားတာကို တွေ ့မြင်ပါလိမ့်မယ် ။

နောက်တစ်မျိုးကတော့ မီးဖိုချောင်ကနေ အလွယ်တကူရရှိနိုင်တဲ့ ကြက်သွန်နီပဲဖြစ်ပါတယ် ။

ကြက်သွန်နီကတော့ သက်ကြီးအစက်အပျောက်တွေကို ကင်းစင်စေတဲ့ သဘာဝပစ္စည်းပဲဖြစ်ပါတယ် ။

ကြက်သွန်နီကို ပါးပါးလှီးပြီး အမည်းစက်တွေပေါ်ကို နေ ့စဉ် ၅ မိနစ်လောက် ပွတ်လိမ်းပေးရင် သိသာတဲ့ အကျိုးကို တွေ ့မြင်ရမှာပါ ။ 

သံပရိုရည်ကတော့ အားလုံးသိထားတဲ့အတိုင်း အသားအရည်ကို ဖြူစင်စေတဲ့ အာနိသင်ရှိတဲ့ အသီးပဲဖြစ်ပါတယ် ။ သံပရိုရည်ကို ဝါဂွမ်းစနဲ ့စုပ်ပြီး အမည်းစက်တွေပေါ်ကို ငါးမိနစ်လောက် ခပ်ကြမ်းကြမ်းလေး သုတ်လိမ်းပေးရပါမယ် ။ အရေပြားဆဲလ်သေတွေကို ကင်းစင်စေတဲ့ စစ်ထရစ်အက်ဆစ်ရဲ ့ အစွမ်းကြောင့် အရေပြားပေါ်ရှိ အမည်းစက်တွေ အရောင်မှိန်ဖျော့သွားတာကို တွေ ့ရမှာ ဖြစ်ပါတယ် ။

အသားအရောင်ညီညာစေတဲ့ အတွဲအစပ်ကတော့ ငှက်ပျောသီးနဲ ့သံပရိုသီးပဲဖြစ်ပါတယ် ။

ကြိတ်ချေထားတဲ့ ငှက်ပျောသီးနဲ ့သံပရိုရည်ကို ရောပြီး အမည်းစက်ပေါ်ကို 

နေ ့စဉ်လိမ်းပေးပါက အသားအရောင်ကို ညီလာစေပါတယ် ။ 

ဘတ်တီးရီးယားဆန် ့ကျင်ဂုဏ်သတ္တိနဲ ့အသားအရည်ကို အားဖြည့်ပေးနိုင်တဲ့ သဘာဝပစ္စည်းလေးကတော့ ရှားစောင်းလက်ပတ်ပဲဖြစ်ပါတယ် ။ မျက်နှာအသားအရည်မှာရှိတဲ့ အမည်းစက်ပေါ်ကို ရှားစောင်းလက်ပတ်အနှစ်သားနဲ နေ ့စဉ်သုတ်လိမ်းပေးပါက အမည်းစက်တွေ ဖျော့တော့သွားပါလိမ့်မယ် ။

ပရိသတ်ကြီးလည်း အခုလိုမျိုး အလွယ်တကူ ရရှိနို်င်တဲ့ သဘာဝပစ္စည်းလေးတွေကို သုံးပြီး အရေပြားပေါ်က အမည်းစက်တွေကို ကုသနို်င်ပါတယ်နော် ။

Ref; HD 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။