ကိုယ်ဝန်ဆောင်အတွင်း ဇီဝကမ္မဖြစ်စဉ်များ - ကိုယ်ဝန်ဆောင်တွေ မိခင်တွေဘာလို့သွေးအားနည်းကြတာလဲဆိုတာ မရှင်းပြခင် မေမေတွေရဲ့ သွေးထဲမှာ ဘာတွေပြောင်းလဲလာတယ်ဆိုတာ အရင်လေ့လာကြည့်ရအောင်နော်...။ ကိုယ်ဝန်ရှိလာတဲ့အခါ အမေရော၊ ကလေးရောကို ပေးဖို့အတွက် သွေးထုထည်တစ်ခုလုံးရဲ့ ၃၀ ရာခိုင်နှုန်းလောက်ပိုများလာပါတယ်...။ သွေးရည်ကြည်ကတော့ ၅၀ ရာခိုင်နှုန်းတက်လာပြီး သွေးနီဥပမာဏကတော့ ၂၀ ရာခိုင်နှုန်းလောက် တက်လာပါတယ်...။ သွေးတွင်းမှာရှိတဲ့ သံဓာတ်ပမာဏကတော့ ကျလာပြီး TIBC လို့ခေါ်တဲ့ သံဓာတ် ကို သိမ်းထည်းနိုင်စွမ်းကတော့ တက်လာပါတယ်...။ ကျောက်ကပ်ကနေ ဖောလိတ်စွန့်ထုတ်တဲ့ပမာဏကလည်း များလာပါတယ်...။

Photo credit pngtree

ဒါတွေကြောင့်လည်း ကိုယ်ဝန်ဆောင်မိခင်တွေ သွေးအားနည်းကြတာဖြစ်ပါတယ်...။ ပုံမှန်အမျိုးသမီးတစ်ယောက်အနေနဲ့ကတော့ တစ်နေ့ကို သံဓာတ် ၁ မီလီဂရမ်ကနေ ၂ မီလီဂရမ်လောက်ဖြစ်ပြီး ကိုယ်ဝန်ရှိလာတဲ့အခါမှာ ၄ မီလီဂရမ်ကနေ ၅ မီလီဂရမ်အထိ တိုးလိုအပ်လာပါတယ်...။ WHO ကတော့ ဟေမိုဂလိုဘင်ပမာဏ 11 mg/dl အောက်လျော့နည်းနေရင် သွေးအားနည်းတယ်လို့ သတ် မှတ်ပါတယ်...။

Photo credit pngtree

ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်တဲ့ သွေးအားနည်းခြင်း-

a. သံဓာတ်ချို့တဲ့တာကြောင့် သွေးအားနည်းခြင်း

b. Thalassemia ခေါ် သွေးနီဥပုံသဏ္ဍာန်မမှန်တာကြောင့် သွေးအားနည်းခြင်း

c. ရောဂါပိုးဝင်လာတာကြောင့် သွေးအားနည်းခြင်း

d. ဖောလိတ်ဓာတ်ချို့တဲ့တာကြောင့် သွေးအားနည်းခြင်း

e. ဗီတာမင် ၁၂ ချို့တဲ့တာ သွေးအားနည်းခြင်း

f. Hemolytic Anaemia ခေါ် သွေးနီဥကွဲတာကြောင့် သွေးအားနည်းခြင်း

g. နာတာရှည်ရောဂါကြောင့် သွေးအားနည်းခြင်း

h. သွေးကင်ဆာရောဂါတစ်ခုခုရှိခြင်း စသည်တို့ပဲဖြစ်ပါတယ်...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ "မေမေဖြစ်တော့မှာလား၊ ဒါလေးတွေ သိထားကြစေသား အပိုင်း(၅)" ကျန်းမာရေးဆောင်းပါးမှ ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

Photo credit pngtree 

Photo credit For Your Health For Your Beauty Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။