ပရိသတ်ကြီးကို စပ်ဆေးတွေ သောက်တာကောင်းလားနဲ့ပတ်သက်ပြီး ဖော်ပြပေးခဲ့တဲ့နောက်မှာ အခုတစ်ခါမှာဆိုရင်တော့ ပိုးသတ်ဆေးတွေကို အလွယ်တကူပေးတဲ့ စပ်ဆေးတွေမှာ ပြဿနာ နှစ်မျိုးရှိနေကြောင်းကို တင်ဆက်ပေးမှာဖြစ်ပါတယ်...။ ပထမတစ်ခုက ပေးလိုက်တဲ့ ပိုးသတ်ဆေးအုပ်စုက ကိုယ်နဲ့မတည့်တဲ့ ပိုးသတ်ဆေးအုပ်စုကဖြစ်နေရင် အလက်ဂျီ ဓာတ်မတည့်တာတွေ ဆိုးဆိုးဝါးဝါးဖြစ်လာနိုင်ပါတယ်...။ Anaphalyxis ပေါ့...။ နှုတ်ခမ်းတွေထူလာတာ၊ အသားတွေယားလာတာ၊ အဖုအပိန့်တွေထွက်လာတာ၊ အရမ်းဆိုးရင် အသက်ရှူကြပ်လာတာ၊ မောလာတာ၊ သတိလစ်တာ၊ ရှော့ရတာတွေပါ ဖြစ်လာနိုင်ပါတယ်...။ ကုသမှုနောက်ကျသွားရင် အသက်အန္တရာယ် အထိပါ ထိခိုက်နိုင်ပါတယ်...။ တချို့ ဓာတ်မတည့်တာတွေက ဆေးသောက်ပြီး သိပ်မကြာခင်မှာ ဖြစ်ပေမယ့် တချို့ကတော့ တစ်ရက်နှစ်ရက်လောက်နေမှ ဖြစ်တာပါ...။ "Delayed Hypersensitivity"လို့ ခေါ်ပါတယ်။

photo credit pngtree

ဒီလိုနောက်ဆက်တွဲတွေဖြစ်လာရင် ဘယ်သူကတာဝန်ယူမှာတဲ့လဲ...။ ဘယ်သူ့ကိုမှ အပြစ်ပြောလို့မရသလို ဘယ်သူကမှ တာဝန်ယူမှာ မဟုတ်ပါဘူး...။ အရင်လာတဲ့လူတွေကိုလည်း ဒီဆေးပေးနေတာပဲ...။ အားလုံးလည်း ကောင်းနေတာပဲ...။ ကိုယ်ကျမှ ဖြစ်တာ ဆေးကြောင့်မှ မဟုတ်တာ...။ သူတို့နဲ့ မဆိုင်ဘူးလို့ပြောမှာပါပဲ...။ လူတွေက မကြုံသေးလို့ ကြောက်ရမှန်းမသိတာပါ...။ မျက်ကန်းတစေမကြောက်သလိုပေါ့...။ နောက်တမျိုးကတော့ ပိုးသတ်ဆေးတွေကို မလိုအပ်ပဲထည့်ပေးတဲ့အတွက် ဆေးယဉ်ပါးလာတဲ့ ပြသနာ၊ ဆေးမတိုးတော့တဲ့ ပြဿနာဖြစ်လာနိုင်ပါတယ်...။

photo credit pngtree

တုပ်ကွေးဆိုတာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ...။ ဒါကြောင့် antibiotics လို့ ခေါ်တဲ့ ပဋိဇီဝဆေး (ပိုးသတ်ဆေး) တွေပေးလို့ မထူးပါဘူး...။ ရောဂါလက္ခဏာသက်သာအောင်ပဲ supportive treatment ပဲ ပေးရတာပါ...။ ခေါင်းကိုက်တာ၊ ကိုယ်လက်တွေနာတာဆိုရင် အကိုက်အခဲပျောက်ဆေးလေးပေးမယ်၊ ချောင်းဆိုးတာဆို ချောင်းဆိုးပျောက်ဆေးလေးပေးမယ်၊ လည်ချောင်းနာတာက ငုံဆေးလေးတွေငုံမယ်၊ ဆားရေနွေးလေးနဲ့ အာလုပ်ကျင်းမယ်ဆို ရင် Local Soothing effect ပေါ့ ရပြီး သက်သာလာမှာဖြစ်ပါတယ်...။ အဓိကက ကိုယ်ခံအားနည်းလို့ဖြစ်တာကြောင့် အားရှိအောင်စားမယ်၊ နားနားနေနေ နေမယ်ဆိုရင် ပြန်ကောင်းလာပါမယ်...။ ပိုးသတ်ဆေးဆိုတာ ဘတ်တီးရီးယားကြောင့် ဖြစ်တာတွေကိုမှ သတ်နိုင်တာပါ....။ ဗိုင်းရပ်စ်ကိုတော့ မသတ်နိုင်ပါဘူး...။ ဗိုင်းရပ်စ်က anti viral ပေးမှရမှာဖြစ်ပါတယ်...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ "စပ်ဆေးတွေသောက်တာကောင်းလား" ကျန်းမာရေးဆောင်းပါးမှ ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။