စပ်ဆေးတွေလို့ ပြောရင် မျိုးစုံရှိတာပေါ့...။ ဆေးဆိုင်ကနေ စပ်ပေးတာတွေရှိသလို၊ ကွမ်းယာဆိုင်ကနေ စပ်ပေးတာတွေလည်းရှိပါတယ်...။ ဆေးဆိုင်တွေမှာကတော့ ဆေးဝါးပညာရှင်တွေပေးတာရှိသလို ရိုးရိုးပုံမှန် လူတွေကပေးတာလည်းရှိပါမယ်....။ ဆေးလာဝယ်တဲ့အခါ ဘာဖြစ်လဲဆိုတဲ့ လက္ခဏာကိုမေးပြီး ဆေးပေးလိုက်တာများပါတယ်...။ ဒီလက္ခဏာ ဒီလိုပုံစံနဲ့လာရင် ဒီဆေး၊ ဒီဆေးတွေကို ပေးမယ်ဆိုတဲ့ "stereo type" နဲ့ ဘယ်သူလာလာ ဒါတွေကိုပဲ ပုံသေကြီးပေးလိုက်ကြပါတယ်...။ ဒီတော့ ဒီဆေးဟာ ဒီတစ်ယောက်နဲ့ ပျောက်ပေမယ့် နောက်တစ်ယောက်နဲ့ ပျောက်ချင်မှ ပျောက်မယ်၊ ဒီလူနဲ့ တည့်ပေမယ့် နောက်လူနဲ့ တည့်ချင်မှတည့်ပါမယ်...။

Photo credit pngtree

ကွာတာက ဆရာဝန်တွေ၊ ဆေးရုံ၊ ဆေးခန်းတွေဆီကို လာပြရင်တော့ ဘာဖြစ်လဲဆိုတာအပြင် ဆရာဝန်တွေက လူနာကို စမ်းသပ်ပါသေးတယ်...။ ရောဂါနောက်ကြောင်းရာဇဝင်ကို မေးရသေးတယ်...။ ဒီလူနာမှာ တခြားဘာရောဂါတွေရှိမလဲ ဘာဆေးတွေနဲ့ မတည့်ဘူးလဲဆိုတာ သေချာမေးပြီးမှ ဘယ်လိုကုသမှုမျိုးပေးမယ်၊ ဘယ်ဆေးပေးမယ် ဆုံးဖြတ်ကြတာဖြစ်ပါတယ်...။ ပြီးတော့ ပေးလိုက်တဲ့ဆေးတွေရဲ့ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း သိတဲ့အတွက် လူနာကို ဒီလို ဒီလို လက္ခဏာတွေ ဖြစ်လာရင်တော့ ဘာလုပ်ပါ၊ ဆေးကိုရပ်လိုက်ပါ၊ ပြန်လာပြပါ ဆိုပြီး မှာလိုက်တယ်...။ စပ်ဆေးတွေကျတော့ အိတ်လေးနဲ့ ထည့်ပေးလိုက်တာပဲ...။ ရောင်စုံဆေးလေးတွေကလွဲလို့ ဘာဆေးတွေ၊ ဘယ်ကုမ္ပဏီကဆေးတွေဆိုတာ မသိပါဘူး...။ ဘေးထွက်ဆိုးကျိုးတစ်ခုခု ကြုံလာရင် ရောဂါကြောင့်လား၊ ဆေးကြောင့်လား၊ ဘယ်ဆေးကြောင့်လဲဆိုတာ မသိတဲ့အတွက် ကုသမှုအပိုင်းမှာ နှောင့်နှေးစေပါတယ်...။

Photo credit For Your Health For Your Beauty Facebook Page

နောက်တစ်ခုဆိုးတာက ပိုးသတ်ဆေးတွေကို အလွယ်တကူပေးတာပါပဲ...။ အထူးသဖြင့် အခုလို ရာသီ အကူးအပြောင်းမှာဖြစ်တဲ့ ရာသီတုပ်ကွေးတွေ ဖြစ်တဲ့အခါ လူတွေက ဆေးဆိုင်ပြေးပြီး စပ်ဆေးပဲသောက်ကြတော့တာပဲ...။ ဖျားတယ်၊ ကိုယ်ပူတယ်၊ ချောင်းဆိုးတယ်၊ လည်ချောင်းနာတယ်ဆိုရင် ပိုးသတ်ဆေးတန်းပေးလိုက်ကြတယ်...။ ပိုးသတ်ဆေးသောက်မှ ပျောက်တာလို့တောင် ပြောလိုက်သေးတယ်။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ "စပ်ဆေးတွေသောက်တာကောင်းလား" ဆိုတဲ့ ကျန်းမာရေးဆောင်းပါးမှ ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။