ဗီတာမင်အီး - နေရောင်ခြည်က ကျွန်မတို့အသားရေကို ထိခိုက်စေသလို ဆံကေသာကိုလည်း ပျက်စီးစေပါတယ်...။ ဒါကြောင့် ဆံကေသာကိုလည်း နေရောင်ဒဏ်ကနေ ကာကွယ်နိုင်မယ့် အစားစာတွေကို စားပေးဖို့လိုအပ်ပါတယ်...။ အထူးသဖြင့် ဗီတာမင်အီးရဲ့ Antioxidant ဂုဏ်သတ္တိကြောင့် နေရောင်ကြောင့်ပျက်စီးထိခိုက်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်...။ အခွံမာသီးတွေစားမယ်ဆိုရင် ဗီတာမင်အီးအပြင် ဇင့်နဲ့ ဆီလီနီယမ်ဓာတ်ကို မျှမျှတတ ရရှိစေပါလိမ့်မယ်...။

photo credit pngtree

ဘိုင်အိုတင် (Biotin) ဆိုတာ ရေမှာပျော်ဝင်တဲ့ ဗီတာမင်ဘီအမျိုးအစားပါပဲ...။ ဘိုင်အိုတင်နည်းလွန်းတဲ့အခါ ဆံသားတွေကြွပ်ဆတ်ပြီး ကျိုးလွယ်၊ ကျွတ်လွယ်ပါတယ်...။ အစေ့အနှံတွေ၊ အသည်း၊ ဥအမျိုးမျိုး၊ ပဲနို့၊ တစေးမှိုတွေမှာ ဘိုင်အိုတင်ဓာတ်များစွာပါရှိပါတယ်..။ အစားအသောက်ကြောင့် ဆံပင်နဲ့ပတ်သက်ပြီး ပြဿနာကြုံတွေ့နေတယ်ဆိုရင် အခုဖော်ပြထားတဲ့အစားစာတွေကို ဂရုတစိုက်စားသောက်ပေးရင် ပြန်လည်ကောင်းမွန်လာနိုင်ပေမယ့် အစားအသောက်ကြောင့် မဟုတ်တဲ့ ပြသနာတွေလည်းရှိပါသေးတယ်...။ အသက်အရွယ် ကြောင့်လည်း ဆံပင်ရဲ့သန်စွမ်းမှုတွေ လျော့နည်းနိုင်ပါတယ်...။ အသက်အရွယ်ရလာတာနဲ့ အမျှ ဆံသားတွေ ပါးလျလာပြီး ပိုလည်းတိုလာပါတယ်...။ ဆံပင်ကျွတ်တာ၊ ဖြူတာတွေလည်း ဖြစ်လာပါတယ်...။ အမျိုးသမီးတွေမှာဆိုရင် ကလေးမွေးပြီးကာစနဲ့ သွေးဆုံးချိန်တွေမှာ ဒီလိုအပြောင်းအလဲတွေကို ကြုံရတတ်ပါတယ်...။

photo credit pngtree

ဆံပင်ကျွတ်တဲ့ပြဿနာက မျိုးရိုးဗီဇကနဲ့လည်း ဆိုင်နေပါသေးတယ်...။ တချို့တွေမှာဆိုရင် အသက်နှစ်ဆယ်ကျော်လာတာနဲ့ ဆံပင်တွေကျွတ်ပြီး ထိပ်ပြောင်လာတာကို ငယ်ငယ်ရွယ်ရွယ်နဲ့ ကြုံကြရပါတယ်...။ အမျိုးသမီးတွေဆိုရင်တော့ အလှတရားကို ထိခိုက်စေတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ကုသဖို့ လိုပါတယ်...။ နောက်တစ်ခုကတော့ အစားလျော့ပြီး ဝိတ်ချလိုက်၊ ဝိတ်ပြန်တက်လာလိုက်၊ diet ပြန်လုပ်လိုက် ခဏခဏလုပ်နေရင်လည်း ကိုယ်စားတဲ့ diet တွေမှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ နည်းပါးနေတတ်တာကြောင့် ဆံပင်ကို ထိခိုက်နိုင်ပါသေးတယ်...။ ဒါ့အပြင် ဟောမုန်းမညီမျှစေတဲ့ ရောဂါတစ်ခုခု (ဥပမာ- သိုင်းရွိုက်ရောဂါလိုမျိုး) ဖြစ်နေရင်လည်း ဆံပင်ရဲ့ ကြီးထွားနှုန်းနဲ့ အရည်သွေးကို ထိခိုက်စေပါတယ်...။ ဒါကြောင့် သိသိသာသာဆံပင်ကျွတ်နေရင်တော့ ရောဂါတစ်ခုခုဖြစ်နေမှာစိုးတာကြောင့် ဆရာဝန်သွားပြကြည့်ဖို့လည်း တိုက်တွန်းလိုပါတယ်...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ "ဆံကေသာကျန်းမာသန်စွမ်းလှပဖို့" ဆိုတဲ့ ကျန်းမာရေးဆောင်းပါးမှ ဆံကေသာနက်ရှိုင်းသန်မာဖို့အတွက် အထောက်အကူပြုတဲ့ ဗီတာမင်အီး၊ ဘိုင်အိုတင်ဓာတ် အကြောင်းတို့ကို ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။