ဖုန်းတွေအသုံးလွန်လို့ပဲဖြစ်ဖြစ်...၊ စာမေးပွဲတွေ နီးနေလို့ပဲဖြစ်ဖြစ်...၊ အလုပ်တွေ ပုံနေလို့ပဲဖြစ်ဖြစ် ကျွနု်ပ်တို့ရဲ့ အိပ်ချိန်တွေဟာ အရမ်းနောက်ကျနေပြီလား....။ နောက်တစ်နေ့မှာတော့ ပုံမှန်လုပ်ငန်းခွင်ကို ပြန်ဝင်ရမှာမို့လို့ နောက်ကျတဲ့အထိ မအိပ်နိုင်ဘဲ အစောကြီးထနေရလား...။ ကျမတို့နိုင်ငံမှာ စစ်တမ်းတွေမလုပ်လို့ မသိပေမယ့် အမေရိကန်နိုင်ငံမှာဆိုရင်တော့ သုံးယောက်မှာ တစ်ယောက်လောက်ဟာ ကောင်းကောင်းမအိပ်ဖြစ်တာကို တွေ့ရပါတယ်....။

Photo credit pngtree

အိပ်ရေးဝဝ မအိပ်ဖြစ်ဘူးဆိုရင် ရေရှည်မှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာ ကျွန်ုပ်တို့လို အိပ်တာနောက်ကျပြီး စောစောပြန်ထရတဲ့သူတွေက ပိုသိချင်ကြမယ်ထင်ပါတယ်....။ ရုပ်ရော၊ စိတ်ကိုရော အိပ်စက်ခြင်းဟာ ဘယ်လိုများ လွှမ်းမိုးထားသလဲဆိုတာ....နံပတ် (၁)အနေနဲ့ပြောရမယ်ဆိုရင်ဖျားနာလွယ်တာ ပဲဖြစ်ပါတယ်....။ သာမန်တုပ်ကွေးရောဂါပိုးလောက်ကိုတော့ ကျမတို့ ခန္ဓာကိုယ်က ခုခံအားဆဲလ်တွေက အသာလေး တိုက်ဖျတ်နိုင်ပေမယ့် အိပ်ရေးတွေပျက်နေတဲ့အခါမှာတော့ ခုခံအားအဖွဲ့ရဲ့ စွမ်းရည်တွေကျဆင်းနေပြီး ဘာမှမဟုတ်တာလေးနဲ့တင် နေမကောင်းဖြစ်တာ၊ ချောင်းဆိုး၊ နှာစေးတာတွေ ဖြစ်လာတော့တာဖြစ်ပါတယ်...။

Photo credit pngtree

အိပ်စက်ချိန် ၆နာရီအောက် လျော့တဲ့သူတွေဟာ ခန္ဓာကိုယ်ကနေ "anti-bodies" လို့ခေါ်တဲ့ ပဋိပစ္စည်းတွေ ကိုယ်ခံအားဆဲလ်တွေကို ကောင်းကောင်းမထုတ်နိုင်တော့တာကြောင့် ကာကွယ်ဆေးတွေထိုးတဲ့အခါမှာလည်း အာနိသင်ကျဆင်းတာတွေ ဖြစ်လာပါလိမ့်မယ်..။ အသားအရေရဲ့ ခံနိုင်ရည်တွေလည်း ကျဆင်းလာတာကြောင့် နှင်းခူလို အရေပြားရောဂါတွေလည်း ဖြစ်လွယ်လာတတ်တာဖြစ်ပါတယ်...။ ဒေါက်တာစိမ့်စမ်းဖြူ ရေးသားထားတဲ့ "အိပ်ရေးမဝတဲ့ရက်တွေ သိပ်များနေပြီလား" ဆိုတဲ့ ကျန်းမာရေးဆောင်းပါးမှ အိပ်ရေးဝဝ မအိပ်ဖြစ်ဘူးဆိုရင် ရေရှည်မှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာကို ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

Photo credit pngtree

Photo credit For Your Health For Your Beauty facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။