သံဓာတ်လုံလုံလောက်လောက်မရခြင်း - သံဓာတ်ချို့ယွင်းတာကလည်း လူကို ထိုင်းမှိုင်းလေးလံစေပြီး အားနည်းတဲ့ခံစားချက်မျိုး၊ နွမ်းနယ်သလိုမျိုး၊ အာရုံကောင်းကောင်းစိုက်မရတာမျိုးတွေ ဖြစ်စေပါတယ်...။ ဘာကြောင့်လဲဆိုတော့ သွေးနီဥလေးတွေမှာပါရှိတဲ့ "Hemoglobin"က သံဓာတ်ကို အသုံးပြုပြီး အောက်စီဂျင်ကို သယ်ဆောင်ရတဲ့အတွက် လိုအပ်တဲ့ သံဓာတ်တွေ ကောင်းကောင်းမရတဲ့အခါ သွေးအားနည်းလာပြီး အောက်စီဂျင်ပို့ဆောင်မှုတွေမှာ အခက်ခဲတွေ ဖြစ်လာပါတယ်...။ ဒီအခါမှာ သွေးအားနည်းရောဂါရဲ့ ကနဦးလက္ခဏာအနေနဲ့ မောပန်းနွမ်းနယ်တာတွေ ကြုံတွေ့ခံစား လာရတော့တာဖြစ်ပါတယ်....။

photo credit pngtree

မနက်စာ မစားတာ - ကိုယ်စားလိုက်တဲ့အစားစာတွေဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုတွေလုပ်ဆောင်တဲ့နေရာမှာ လိုအပ်တဲ့စွမ်းအင် အတွက် လောင်စာအဖြစ်ပြောင်းလဲအသုံးပြုရပါတယ်...။ ညစာစားပြီး အိပ်လိုက်တဲ့အချိန်မှာ ကိုယ်စားထားတဲ့ညစာဟာ အိပ်ပျော်နေတုန်း ကိုယ်တွင်းက ဇီဝရုပ်ဖြစ်စဉ်တွေအတွက် အသုံးပြုနေပါတယ်...။ ဒါကြောင့် မနက်နိုးတဲ့အခါမှာ ကုန်ခမ်းလုနီးဖြစ်နေတဲ့ လောင်စာ တွေအတွက် မနက်စာစားပြီး ပြန်လည် ဖြည့်တင်းပေးမှသာ တစ်နေ့လုံးစွမ်းအင်အပြည့်နဲ့ တက်တက် ကြွကြွဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်...။ အကြောင်းအမျိုးမျိုးကြောင့် မနက်စာ မစားဖြစ်တဲ့ အခါမှာတော့ စွမ်းအင်လုံလုံလောက် လောက် မရရှိတဲ့အတွက် ပင်ပန်းနွမ်းနယ်မှုကို တစ်နေ့လုံးခံစားနေရမှာဖြစ်ပါတယ်...။ ကစီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ် မျှတစွာပါဝင်နေတဲ့မနက်စာကို မပျက်မကွက် နေ့စဉ်စားဖြစ်အောင် ကြိုးစားဖို့ လိုပါတယ်။

photo credit pngtree

အလုပ်နေရာ ရှုပ်ပွနေခြင်း - ကိုယ်အလုပ်လုပ်တဲ့ စားပွဲနေရာ ရှုပ်ပွနေတာကလည်း အာရုံစူး စိုက်နိုင်စွမ်းနဲ့ ဦးနှောက်ရဲ့ စပ်ဆက်တွေးခေါ်မှု စွမ်းရည်ကို ကျဆင်းစေတာဖြစ်ပါတယ်...။ ဒါကြောင့် ကိုယ့်အလုပ်နေရာကို စနစ်တကျ သပ်သပ်ရပ်ရပ် စီစဉ်ထားမယ်ဆိုရင် နေ့တစ်နေ့မှာ အစပြုဖို့ အတွက် စိတ်အာရုံတွေ ကြည်လင်လန်းဆန်းနေစေပြီး အလုပ်လုပ်ရာမှာ စိတ်ငြီးငြူမှုတွေ မဖြစ်တော့ပါဘူးနော်...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ “မောပန်းနွမ်းနယ်လွယ်ခြင်း" ကျန်းမာရေးဆောင်းပါးမှ သံဓာတ်လုံလုံလောက်လောက်မရခြင်း၊ မနက်စာမစားတာ၊ အလုပ်နေရာ ရှုပ်ပွနေခြင်းနှင့်ပတ်သက်သော အကြောင်းအရာပြည့်စုံကို ပြန်လည်ကူးယူဝေမျှလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။