ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ မွေးရာပါအမှတ်တွေနဲ့ မွေးလာတဲ့သူတွေရှိပါတယ်...။ တချို့တွေလည်း သိပ်မသိသာ၊ မထင်ရှားဘူးပေါ့နော်...။ တချို့လည်း မိတ်ကပ်တွေနဲ့ ဖုံးလိုက်ရင် မမြင်ရတော့တာဖြစ်ပါတယ်...။ တချို့ကျတော့လည်း ကြီးလာတာနဲ့အမျှ သူ့အလိုလို ပျောက်ကွယ်သွားကြပြီး တချို့လည်း ကြီးကြီးမားမားထင်ထင်ရှားရှားကြီးမို့ လူတောမတိုးရဲအောင်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာမှာ သိမ်ငယ်မှုတွေ၊ အားငယ်မှုတွေ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပျောက်ဆုံးတဲ့အထိ ခံစားကြရတာကိုတွေ့ရတာဖြစ်ပါတယ်...။ တကယ်လို့ သင်ဟာ မွေးရာပါ အမှတ်တစ်ခုခုကို ဖျောက်ဖို့ကြိုးစားနေသူဆိုရင်တော့ သင်္ဘောသီး၊ သံပရိုသီး၊ ခရမ်းချဉ်သီးတို့နဲ့ သဘာဝနည်းအတိုင်း အရောင်ဖျော့သွားအောင်လုပ်တဲ့နည်းလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်...။

photo credit pngtree

သင်္ဘောသီးမှာ "Papain" ဆိုတဲ့ အင်ဇိုင်းတွေပါဝင်တာဖြစ်ပါတယ်...။ ဒီအင်ဇိုင်းတွေက အရေပြားမှာဆဲလ်သေတွေ၊ ကြေးတွေကို ခွာချပေးပြီး အတွင်းပိုင်းမှာရှိတဲ့ ဆဲလ်အသစ်တွေကို မျက်နှာပြင်ပေါ် ရောက်လာစေတာကြောင့် အသားအရေကို ပိုပြီးဝင်းလက်လာစေတာဖြစ်ပါတယ်...။ နောက်တစ်နည်းကတော့ သံပရိုသီးနဲ့ မွေးရာပါအမှတ်ကို ပွတ်ပေးရမှာဖြစ်ပါတယ်...။ သံပရိုသီးမှာပါတဲ့ ဆစ်ထရစ်အက်စစ်ဟာ အရောင်ချွတ်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပြီး အသားအရေကို လင်းလက်စေတာဖြစ်ပါတယ်...။ သံပရိုသီးလိမ်းပြီးရင် နေရောင်ခြည်နဲ့ထိတွေ့ပေးတာက အရောင်ချွတ်နိုင်စွမ်းကို ပိုမိုအားကောင်းစေပါတယ်။ သံပရိုသီးကို ညှစ်ပြီး အရည်ကိုလိမ်းတာဖြစ်စေ၊ အကွင်းလိုက်လှီးပြီး ကပ်တာဖြစ်စေလုပ်လို့ရပါတယ်နော်...။ ၁၀ မိနစ်အကြာမှာတော့ ရေနွေးနဲ့ပြန်ဆေးပြီး ခြောက်သွေ့အောင်ထားရမှာဖြစ်ပါတယ်...။ အစိုဓာတ်ထိန်းခရမ်တစ်ခု လိမ်းပေးရမှာဖြစ်ပြီး၊တစ်နေ့ကို သုံးကြိမ်လောက် နေ့စဉ်လုပ်ပေးဖို့လိုအပ်တာဖြစ်ပါတယ်...။

photo credit pngtree
photo credit pngtree

ခရမ်းချဉ်သီးဟာ အက်စစ်သဘောသဘာဝရှိပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များကြီးပါဝင်တာဖြစ်ပါတယ်...။ အမှတ်တွေမှာရှိတဲ့ ရောင်ခြယ်ပစ္စည်းတွေနဲ့ ဓာတ်ပြုပြီး အရောင်လျော့ကျစေတာကြောင့် "citric acid" လိုအာနိသင်ကိုရရှိစေတာဖြစ်ပါတယ်...။ ခရမ်းချဉ်သီးအရည်ကိုလိမ်းတာဖြစ်စေ၊ အကွင်းလိုက်ကပ်တာဖြစ်စေ လုပ်ပေးခြင်းအားဖြင့် ခရမ်းချဉ်သီးမှာပါရှိတဲ့ ဗီတာမင်အေက ဆဲလ်အသစ်တွေကိုဖြစ်စေပြီး ကော်လဂျင်ထုတ်လုပ်မှုကိုလည်း ကောင်းမွန်စေတာဖြစ်ပါတယ်...။ ဒေါက်တာ စိမ့်စမ်းဖြူ ရေးသားပြုစုထားတဲ့ "မွေးရာအမှတ်တွေကို ဖြတ်ချင်လား"ဆိုတဲ့ ဆောင်းပါးလေးမှ သင်္ဘောသီး၊ သံပရိုသီး၊ ခရမ်းချဉ်သီးတို့နဲ့ ပတ်သက်ပြီး အသုံးဝင်ပုံကို ပြန်လည်ကူးယူ ဝေမျှလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree

photo credit pngtree
photo credit For Your Health For Your Beauty facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။