သက်လတ်ပိုင်းနဲ့ လူကြီးပိုင်းတွေကိုလေ့လာကြည့်တဲ့အခါ လူဦးရေ ၂၄၀၀၀ လောက်မှာ ၈၈ ရာခိုင်နှုန်းသော အမျိုးသမီးတွေနဲ့ ၈၁ ရာခိုင်နှုန်းသော အမျိုးသားတွေက ဗီတာမင်အားဆေးတွေ သောက်သုံးကြတာဖြစ်ပါတယ်...။ အဲ့လိုသိရတာနဲ့အတူ ဒီဖြည့်စွက်စာတွေ၊ ဆေးတွေကို သောက်ပုံသောက်နည်းတွေ မှားနေတာကို တွေ့နေရပါတယ်...။ ဘယ်လိုမှားတာလဲဆိုတော့ လိုတာထက် ပိုသောက်တာ၊ လျော့သောက်တာ၊ သောက်တဲ့အချိန်မှားနေတာ၊ အစာမစားခင်လား၊ စားပြီးမှလား မသေချာဘဲ ဆေးနဲ့တွဲမသောက်သင့်တဲ့ အစားစာတွေ၊ ဆေးတွေကိုပါ တွဲသောက်နေကြတာမျိုးတွေဖြစ်ပါတယ်....။
နံပတ် (၁) အနေနဲ့ တွေ့ရတဲ့ အမှားကတော့ ကိုယ်သောက်တဲ့ ဗီတာမင် dose အရမ်းနည်းနေတာဖြစ်ပါတယ်...။ ဒီအာဟာရဓာတ်တွေ (ဗီတာမင်နဲ့သတ္တုဓာတ်) တွေက အူလမ်းကြောင်းကနေ စုပ်ယူမှုနှုန်းတစ်ခုကို နောက်တစ်ခုက သွားပြီးဟန့်တားတတ်တာဖြစ်ပါတယ်...။ ဥပမာအနေနဲ့ - သံဓာတ်က ဇင့်ဓာတ်စုပ်ယူမှုကို ပိတ်ပင်ဟန့်တားပါတယ်....။ ဒါကြောင့် သံဓာတ်များများသောက်လေလေ၊ ကိုယ့်မှာ ဇင့်ဓာတ် လျော့နည်းလေလေဖြစ်ပါတယ်...။ ဒါကြောင့်မလို့ ဇင့်ဓာတ်ကို နည်းနည်းမဟုတ်ဘဲ တိုးသောက်သင့်ပါတယ်....။ အကောင်းဆုံးကတော့ "multivitamins" အားဆေးတွေသောက်တဲ့အခါ နေ့စဉ်လိုအပ်ချက်တွေကို ၁၀၀ ရာခိုင်နှုန်းဖြည့်ပေးတဲ့ ပမာဏ (အာဟာရာဓာတ်ချို့တဲ့တာကို ကာကွယ်နိုင်တဲ့ level) လောက်မဟုတ်ဘဲ အူနံရံတွေက စုပ်ယူနှုန်းကို ပိတ်ပင်တာတွေအတွက်ပါ ပိုသောက်စေချင်တာဖြစ်ပါတယ်....။
နံပတ် (၁)အမှားက သောက်တာနည်းတာဆိုရင် နံပတ် (၂) ကတော့ သောက်တာများတာဖြစ်ပါတယ်...။ ဥပမာပြောရရင် အသားအရေလှချင်တာနဲ့ ဗီတာမင် အီး၊ ဗီတာမင် အေကို အများကြီးသောက်ကြပါတယ်...။ ဒီလိုအများကြီးသောက်တာက အရမ်းအန္တရာယ်များပါတယ်...။ ဗီတာမင် အေကို ၃၀၀၀ IU ထက်ပိုသောက်ရင် အရိုးပွရောဂါဖြစ်လာပါလိမ့်မယ်...။ ဗီတာမင် အီးလည်း အဲ့လောက်ထိများလာရင် အဆိပ်သင့်တာမျိုးတွေဖြစ်တတ်ပါတယ်....။ အသင့်တော်ဆုံးကတော့ ဗီတာမင် အေ 3000 IU ထက်ပိုမပါတဲ့(ရယ်တီနော နဲ့ ဘီတာကယ်ရိုတင်း တဝက်စီပါတဲ့)၊ ဗီတာမင်အီး 100 IU ထက်များတဲ့ အားဆေးမျိုးကို ရွေးခြယ်သောက်သုံးရမှာဖြစ်ပါတယ်...။
Source ဒေါက်တာစိမ့်စမ်းဖြူ
photo credit pngtree
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။