ကက်ရှ်မီးယား အုပ်ချုပ်ခွင့်နဲ့ပတ်သတ်ပြီး အီန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာလည်း တင်းမာနေတာပဲဖြစ်ပါတယ်။

နှစ်နိုင်ငံတာဝန်ရှိသူတွေဟာဆိုရင်လည်း ၎င်းကက်ရှ်မီးယားဒေသအရေးနဲပတ်သတ်ပြီး ပြောဆိုမှုတွေက ပြင်းထန်တဲ့အနေအထားမှာ ရှိနေတာပဲဖြစ်ပါတယ်။

လက်ရှိသူတို့နှစ်နိုင်ငံ အနေအထားဟာ စစ်ဖြစ်နိုင်တဲ့အထိတောင် တင်းမာမှုတွေ ရှိနေတာပဲဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး ပြင်သစ် သမ္မတ အီမန်နျူယယ် ဟာဆိုရင်လည်း စိုးရိမ်နေကြောင်း ပြောဆိုထားတာတွေ့ရပါတယ်။

ပြင်သစ်သမ္မတကတော့ ပါကစ္စတန်နဲ့ အိန္ဒိယ နှစ်နိုင်ငံ ပိုက်နက်အညင်းပွားနေကြတဲ့ ကက်ရှ်မီးယား ဒေသအရေးကို သူ့အနေနဲ့ စိုးရိမ်နေကြောင်း ပြောကြားခဲ့တာဖြစ်သလို အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာ မိုဒီနဲ့ ပြုလုပ်တဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Source- NDTV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။