အသက် 19 နှစ်အရွယ်ရှိတဲ့ တစ်ဦးတည်းသောသမီးလေးကို ရှာရွတ်ခန်းအနေနဲ့ နောက်ပိုင်းမှာ ပွဲထုတ်လာတာတော့ အမှန်ပါ။ ရှာရွတ်ခန်းရံ သမီးနာမည်ကတော့ Suhana Khan (ဆူဟာနားခန်းန်) လို့ခေါ်ပြီး မေလ ၂၂ရက်နေ့ ၂ဝဝဝခုနှစ်မှာမွေးဖွားခဲ့ပြီး အသက် ၁၉ နှစ်ရှိပြီဖြစ်ပါတယ်။

အရပ် ငါးပေနှစ်လက်မရှိတဲ့ Suhana ဟာ ကိုယ်အလေးချိန် ၉၃ပေါင်ရှိပြီး ခန္ဓာကိုယ်အချိုးအစားကတော့ ၃၀-၂၀-၃၄ ဖြစ်တယ်လို့ ဆိုပါတယ်။ မျက်လုံးအနက်ရောင်၊ ဆံပင်အညိုရောင်တို့ကိုပိုင်ဆိုင်ထားသူ Suhanaဟာ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ မွေးဖွားခဲ့သူပါ။

မောင်နှမအနေနဲ့ Aryan Khan လို့ခေါ်တဲ့ အကိုတစ်ယောက်နဲ့ Abram Khan လို့ခေါ်တဲ့ မောင်ငယ်တစ်ယောက်ရှိပါတယ်။

သူမဟာ ဘောလုံးကန်ခြင်းအားကစားကို အရူးအမူးရူးသွပ်သူဖြစ်ပြီး သူမရဲ့ကျောင်းကိုယ်စားပြုဘောလုံးအသင်းမှာ အရေးပါတဲ့နေရာ ရယူထားသူတစ်ယောက်ပါ။ အိန္ဒိယကိုယ်စားပြု အသက် ၁၄နှစ်အောက် U-14 အမျိုးသမီးဘောလုံးအသင်းမှာ အသင်းကပ္ပတိန်ဖြစ်ခဲ့သူတစ်ဦး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သူမဟာ စာရေးခြင်းကိုဝါသနာပါပြီး နိုင်ငံအဆင့် Katha national story writing ပြိုင်ပွဲမှာ ဆုရရှိထားသူတစ်ဦးပါ။

သူမအရူးအမူး သဘောကျရသူတစ်ဦးကတော့ One Direction အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Zayn Malik ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် သူမဟာ အင်တာနက်ပေါ်မှာလည်း လူချစ်လူခင်ပေါလှသူလေးတစ်ယောက်ဖြစ်သလို အရမ်းလဲလှတဲ့ သူလေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရော ရှာရွတ်ခန်းရဲ့သမီးလေး ဆူဟာနားခန်းန် ကို ကြွေသွားကြပြီလား။

Source - Star World 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။