မနေ့က သြဂုတ်လ ၂၂ ရက်နေ့မှာတော့ အစ္စရေးနိုင်ငံဟာ သူတို့နိုင်ငံရဲ့ စစ်လက်နက်တစ်ခုကို ထုတ်ပြခဲ့ပါတယ်။

ဒါကတော့ သူတို့နိုင်ငံရဲ့ ပြည်တွင်းဖြစ် ဒုံးကျည်ကာကွယ်ရေး စနစ်ကို နိုင်ငံပိုင် ရုပ်သံလိုင်းကနေ ထုတ်ပြခဲ့တာပဲဖြစ်ပါတယ်။

၎င်းဒုံးကျည်ကာကွယ်ရေး စနစ်ကိုတော့ အစ္စရေးအနေနဲ့ Bacar-373 လို့နာမည်ပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဒုံးကျည်ကာကွယ်ရေးစနစ်ဟာ ရုရှားနိုင်ငံရဲ့ S-300 ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ အပြိုင်ဖြစ်ကြောင်း ပြောကြားထားတာတွေကိုလည်း တွေ့ရပါတယ်။

ဒီဒုံးကျည်စနစ်ကတော့ တာဝေးပစ် နိုင်သလို မြေပြင်ကနေ ရွေ့လျားပြီး ပစ်နိုင်တဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်တစ်ခုပဲဖစ်ပါတယ်။

ပရိသတ်တွေအတွက် အစ္စရေးနိုင်ငံရဲ့ Bavar-373 ဒုံးကျည်ကာကွယ်ရေးစနစ်ကို ပြသထားတဲ့ ရုပ်သံကိုလည်း ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

Source _ Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။